စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ

04 October 2023
စစ်ကောင်စီဒေါက်တိုင် အကိုင်းအခက်သာမက ရေသောက်မြစ်ကိုပါ လှန်ပြလိုက်တဲ့ မြို့ပြပြောက်ကျားတွေ

နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်ခဲ့တဲ့ စကားလုံးတွေထဲက တစ်ခုကတော့ မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။

 

နွေဦးတော်လှန်ရေး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာတော့ တောတောင်တွေမှာ ခုခံတော်လှန်နေတဲ့ PDF တွေ အားပိုကောင်းလာသလို မြို့ပြပြောက်ကျားဆိုတဲ့ စကားလုံးလည်း ပြည်သူတွေအကြားမှာ ရေပန်းစားလာ ပါတယ်။

 

တောတောင်တွေထဲမှာ စစ်ကောင်စီ တပ်တွေကို တိုက်နေသလို မြို့ကြီးတွေမှာရှိတဲ့ စစ်ကောင်စီ ဒေါက်တိုင် ရုံးတွေ၊ လူတွေကို ခက်ခက်ခဲခဲ တိုက်ခိုက်နေကြသူတွေဟာ မြို့ပြပြောက်ကျားတွေပါပဲ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required