နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ စက်တင်ဘာ ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ စက်တင်ဘာ ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နှင့် ကျုံဒိုးမြို့ကြား တောင်ကြား အင်း‌ကျေးရွာ ဆင်နှစ်ကောင် ဘုန်းကြီးကျောင်းဘက်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန် ရေး  မဟာမိတ်တပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။ 

  • မန္တလေးခရိုင် အမှတ် ၄ တပ်ရင်း နှင့် General Z Power (GZP MDY) တို့ ပူးပေါင်းပြီး Fixwing နည်းပညာ အသုံးပြု ဒရုန်းများနှင့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့်ထောက်တိုင်များကို ခြေမှုန်းနေကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီးတော့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို စက်တင်ဘာ ၂၃ ရက်ကနေ ၂၆ ရက်အထိ ပြုလုပ်လျက် ရှိကြောင်း ထုတ်ပြန်သည်။ 

  • ခင်ဦးမြို့နယ်အတွင်းက ကုလားလူးကျေးရွာနှင့် တမုတ်ကျေးရွာ စာသင်ကျောင်းများတွင် ဆရာများနှင့် ကျောင်းသားများကို ခင်ဦးမြို့နယ် အမျိုးသမီးတာဝန်ခံက ဦးစီးပြီးတော့ ကြက်သား ဆန်ပြုတ်အဟာရဒါန တိုက်ကျွေးခဲ့ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန နှင့် မြို့နယ်တရားရုံးများ၏ တရားသူကြီးများတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ 

  • မွန်ပြည်နယ် ၊ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ကင်းစခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့များ ယမန်နေ့ က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရ တောင်ပိုင်းတိုင်း စစ်ဒေသက ယနေ့ ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ ရှမ်းနီတပ် (SNA )ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဆက်ဖြစ်ပွားနေပြီး ယမန်နေ့က တိုက်ပွဲအတွင်း အဆိုပါ အုပ်စုမှ ၂၀ဦးထက်မနည်းသေဆုံးသလို ပြည်သူ့ကာကွယ်ရေးရဲဘော် ကိုးဦးဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • တော်လှန်ရုပ်ရှင် The Way ကို ဂျပန်နိုင်ငံ၌ ပြသသည့်ပွဲစဉ်ကို ရုံအပြည့်လာရောက်အားပေးခဲ့ပြီး ယင်းပွဲမှ ရန်ပုံငွေ သိန်းတစ်ထောင်ကျော် ရရှိခဲ့ကြောင်း အသိပေးထားသည်။ 

  • ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့တွင် မြန်မာများက ပြည်ပတွင်နေထိုင်သူများ ဝင်ငွေ၏ ၁၀ရာခိုင်နှုန်းကို နိုင်ငံခြားငွေဖြင့် အခွန်ကောက်မည်ဟု အာဏာသိမ်းခေါင်းဆောင်က လက်မှတ်ထိုး၍ အခွန်ဥပဒေကို ပြင်ဆင်လိုက်သည့်အပေါ် ယမန့်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ 

  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာမှ ပြည်သူပိုင်ပစ္စည်း၊ နွားများကို ခိုးယူနေသည့် အကြမ်း ဖက်စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း HYPER UAV FORCE က ထုတ်ပြန်ထားသည်။ 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အကြမ်းဖက်စစ်တပ်ဂိတ်နှင့် စစ်တပ်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြောက်ဘက်ဂိတ်နှင့် မြို့ပေါ် လူဝင်မှုကြီးကြပ်ရေးရုံး (လ၀က) ရုံးကို ဒရုန်းဖြင့် ဗုံးကျဲပြီး ကားဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနာမြို့ရှိ အမှတ်(၅၀၃)လေတပ်ဌာနချုပ်ကို KIA နှင့် ပြည်သူ့ကာကွယ် ရေး(KPDF)ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်းက ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာမှာ F-7 အမျိုးအစား တိုက်လေယာဉ်နှစ်စီး ပျက်စီးသွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် သတင်းရင်းမြစ်နှင့် KIA ရှေ့တန်းသတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။ 

  • တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာတွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း (ခ)နာဲဆာန် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မဟာမိတ် တပ်ဖွဲ့မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။ 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ် (စရဖ)ရုံးကို KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်တို့ ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ ကနဦး စုံစမ်းသိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။ 

  • ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  •  Drone အပါအဝင် စွမ်းအားမြှင့် လက်နက်များ အကြမ်းသမားများထံ မရောက်ရှိစေရေး အတွက် ကမ္ဘာလုံး ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရမည်ဖြစ်ကြောင်း စစ်ကောင်စီရဲချုပ် နီလင်းအောင် တရုတ်လုံခြုံရေး ညီလာခံတွင် သွားရောက် အရေးဆိုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။ 

  • ရန်ကုန်တိုင်းဒေသကြီး (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင်များ)အတွင်း Load Shed တစ် ကြိမ်တိုး သည့်အတွက် တစ်နေ့ နှစ်ကြိမ် (၈)နာရီ သို့မဟုတ် (၁)ကြိမ် (၄)နာရီ အလှည့်ကျ ဓာတ်အားပြတ်တောက်မည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနက ထုတ်ပြန်သည်။ 

  • Online Shopping များ လာမည့် အောက်တိုဘာ ၂ ရက်နေ့စပြီးတော့ မှတ်ပုံတင်နိုင်ရမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလကုန်အထိမှတ်ပုံတင်သူများအတွက် မှတ်ပုံတင်ကြေး ကင်းလွတ် ခွင့်ပြုမည်ဟု စစ်ကောင်စီ စီးကူးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

  • မြန်မာ-တရုတ်နယ်စပ်မှာ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် သွားလာ ဝင်ထွက်ခွင့် မကြာမီခွင့် ပြုပေးမည်ဟု စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး မြင့်ကြိုင် ကပြော သည်။ 

  • တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ရှန်စီးပြည်နယ် ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့မြေဆီလွှာကျန်းမာရေးဆွေးနွေးပွဲ 2023 Global Forum on Soil Health သို့ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်သည်။ 

  • ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်သားများကို အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့ကြောင်း ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။ 

စက်တင်ဘာ ၂၅ ရက် သုံးသပ်ချက် 

  • အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲများ၏ ဒရုန်းကြောက်၍ တရုတ်ကိုသွားရောက် အကူအညီ တောင်းနေရသည်အထိဖြစ်နေပြီး တပ်တွင်းဒဏ်ရရသူ များပြားလွန်၍ စိတ်ဓာတ် စစ်ဆင်ရေးအနေဖြင့် ခိုင်းကောင်းအောင် အပန်းဖြေခရီးပို့ပေးကာ ဝါဒဖြန့်နေရသည်။ 

  • အဆင်မပြေ၍ တစ်နိုင်တစ်ပိုင်လုပ်စားသူများနှင့် ပြည်တွင်းမှာ အလုပ်ရှားပါး၍ နေ့ချင်းပြန် တရုတ် ဘက်သွားလုပ်ကိုင်မည့်သူများကို လုပ်ကိုင်ရခက်အောင် စစ်ကောင်စီမှ ပြည်သူကို ဖိနှိပ်သည့် အမိန့်များ ထုတ်ပြန်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required