ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ | VOA On Mizzima 

By မဇ္ဈိမ 
13 September 2023
ကမ္ဘောဒီးယားကမ်းခြေမြို့က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ | VOA On Mizzima 

ကိုဗစ်ကပ်ရောဂါဆိုးကြီး မဖြစ်ခင်တုန်းက တရုတ် ရင်းနှီးမြုပ်နှံသူတွေ ကမ္ဘောဒီးယားနိုင်ငံ ကိုလာရောက်ပြီး လူသိပ်မသိသေး၊ မစည်ကားသေးတဲ့ပင်လယ်ကမ်းခြေက Sihanoukville မြို့ကို အချိန်ပြည့်ဖွင့်ထားတဲ့ လောင်းကစားရုံမြို့အဖြစ် ပြောင်းလည်းနိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းလာခဲ့တဲ့အတွက် အဲဒီ တရုတ် ရင်းနှီးမြုပ်နှံသူတွေလည်း  ကမ္ဘောဒီးယားကနေ ပြန်သွားပြီး ပြီးစီးခါနီး အဆောက်အဦးတွေကိုလည်း ဒီအတိုင်း စွန့်ပစ် ချန်ထားရစ်ခဲ့ကြပါတယ်။ အဲဒီအတွက် မြို့ထဲမှာ ကြည့်ရမြင်ရ အကျည်းတန် ရုပ်ဆိုးနေတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Hul Reaksmey ကမ္ဘောဒီးယားနိုင်ငံကနေ သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required