ဧပြီ ၉၊ ရန်ကုန် ။ ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၁) ပွဲစဉ်တစ်ပွဲဖြစ်သော ရခိုင်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်ပွဲတွင် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့် ရှမ်းယူနိုက်တက်တိုက်စစ်မှူး ဘီရှက်ဖ်ကို ၄ပွဲပယ်နှင့်ဒဏ်ငွေ ၃သိန်းပြစ်ဒဏ်ကို စည်းကမ်းထိန်းသိမ်းရေးမှချမှတ်ခဲ့သည်။
အီရန်လူမျိုးတိုက်စစ်မှူး ဘီရှက်ဖ်မှာ ယင်းပွဲစဉ်တွင်ရခိုင်နောက်ခံလူ စောသက်ကျော်ဦးကို ဘောလုံးမရှိပဲ တံတောင်ဖြင့်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ပြအထုတ်ခံရခြင်းဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးမှ ထပ်မံအရေးယူခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဘီရှက်ဖ်ကို ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းစည်းကမ်း အပိုဒ် ၁၆၊ အပိုဒ်ခွဲ(က)နှင့်(ခ)ကို ကျုးလွန်ခြင်းကြောင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၃)နှင့်(၁၃)အရ အနီးဆုံးပွဲ၊ ဒဏ်ငွေ ၃သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်။
ဘီရှက်ဖ်မှာ ဖေဖေါ်ဝါရီလက ကစားခဲ့သော ဧရာဝတီယူနိုက်တ်နှင့်ပွဲတွင်လည်း တိုက်ရိုက်အနီကတ်ပြအထုတ်ခံခဲ့ရပြီး ၄ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့်အတွက် ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် ပွဲပယ်ပြစ်ဒဏ်အချခံရခြင်းဖြစ်သည်။