Mister Global Myanmar 2016 အဖြစ် မော်ဒယ် လင်းမောင် ကို ရွေးချယ်

Mister Global Myanmar 2016 အဖြစ် မော်ဒယ် လင်းမောင် ကို ရွေးချယ်

ရန်ကုန် ၊ ဧပြီ ၇ ။           ။ Mister Global ပြိုင်ပွဲ အတွက် Mister Global Myanmar 2016 အဖြစ် မော်ဒယ် လင်းမောင် ကို ရွေးချယ် လိုက်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် စေလွှတ် သွားမည် ဖြစ်ကြောင်း Mister Of Myanmar Organizationမှ သိရသည်။

Mister Global Myanmar အဖြစ် ရွေးချယ် လိုက်သည့် လင်းမောင် နှင့် စာနယ်ဇင်းများအား မိတ်ဆက် ပေးသည့် အခမ်းအနားကို ဧပြီ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

Mister Global ပြိုင်ပွဲ အတွက် ၂ဝ၁၄ ခုနှစ်မှ စတင် စေလွှတ် ခဲ့ခြင်း ဖြစ်ပြီး ယခုအခါသည် တတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ရွေးချယ် စေလွှတ်ခြင်း ဖြစ် သည်။

Mister Of Myanmar Organization မှ ကိုဇေယျံဟိန်း က " ကမ္ဘာ့ စင်မြင့် ထက်မှာ မြန်မာ ဆိုတဲ့ စလွယ် လွယ်ပြီး ယှဉ်ပြိုင်မယ့် လင်းမောင် အနေနဲ့ အကောင်းဆုံး ကြိုးစား သွားရမှာပါ။ ကျွန်တော်တို့ ဘက်ကလည်း သူ့ကို အကောင်းဆုံး လုပ်ဆောင် ပေးသွားမှာပါ။ ဒီနှစ်ကတော့ လင်းမောင် အတွက် ပြင်ဆင် ချိန် ပိုရတဲ့ အတွက် ပိုပြီး အဆင်ပြေပါတယ်" ဟု ပြောသည်။

ရွေးချယ် ခံရသူသည် Mister Of Myanmar Organization နှင့် တစ်နှစ် စာချုပ် ချုပ်ဆို ရမည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Mister Global 2016 ပြိုင်ပွဲ သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကိုလင်းမောင် က "ဒီပွဲ နဲ့ ပတ်သက်ပြီး အကောင်းဆုံးတော့ ပြင်ဆင် ထား ပါတယ်။ Mister Of Myanmar Organization ရဲ့ ကူညီ မှုနဲ့ အတူ ရလာဒ်ကောင်း တစ်ခု တော့ ရယူ နိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ပြိုင်ပွဲ နဲ့ ပတ်သက် တာ တွေ လေ့လာတယ်။ တာဝန်လည်း ကြီးပါတယ်" ဟု ပြောသည်။

မော်ဒယ် လင်းမောင် သည် Talent ပိုင်းကို ယခင် သွားရောက် ယှဉ်ပြိုင် ခဲ့သူ များနှင့် မတူညီ အောင် ပြင်ဆင် ထားပြီး ၎င်း အတွက် National Costume ကိုတော့ ဒီဇိုင်နာ သားသား မှ ဖန်တီး ပေးသွားမည် ဖြစ်သည်။

Mister Global 2016 ပြိုင်ပွဲ ကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ဧပြီ ၂၆ရက် မှ မေ ၇ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံ အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ကာ နောက်ဆုံး ပြိုင်ပွဲကို မေလ ၇ရက် တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required