'အားကစားသမိုင်းသစ်ကို ကျနော် ရေးထိုးချင်ပါတယ်' - အလ်-ဟီလာလ်နဲ့ပူးပေါင်းတဲ့ နေမာ

'အားကစားသမိုင်းသစ်ကို ကျနော် ရေးထိုးချင်ပါတယ်' - အလ်-ဟီလာလ်နဲ့ပူးပေါင်းတဲ့ နေမာ
Photo: Al-Hilal/Twitter

ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဟာ ပြင်သစ်ချန်ပီယံ ပဲရစ်စိန့်ဂျာမိန်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အလ်-ဟီလာလ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘာစီလိုနာကစားသမားဟောင်းအတွက် သဘောတူညီမှုဟာ ယူရိုသန်း ၉၀ (ပေါင် ၇၇.၆ သန်း)ခန့်အပြင် add-ons ကြေးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

"ကျနော် ဥရောပမှာ အများကြီးအောင်မြင်ခဲ့ပြီး ထူးခြားတဲ့ အချိန်တွေကို ပျော်ရွှင့်ခဲ့ပါတယ်။ ဒါပေမယ့်ကျနော် အမြဲတမ်း ကမ္ဘာလုံးဆိုင်ရာ ကစားသမားဖြစ်လိုပြီး နေရာအသစ်တွေမှာ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းသစ်တွေနဲ့အတူ ကိုယ့်ကိုယ်ကို စမ်းသပ်ချင်ခဲ့တယ်"လို့ သူက ပြောပါတယ်။

နေမာဟာ ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်းနရစ်ရဲ့ ရာသီသစ်အတွက် အစီအစဉ်တွေရဲ့ အစိတ်အပိုင်းမှာ မပါဝင်ခဲ့ဘူး။

၂၀၁၇ မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့သူ တိုက်စစ်မှူးဟာ လောရီယန့်နဲ့ သရေကျတဲ့ စနေနေ့ရဲ့ လီဂူဝမ်းပွဲစဉ်အတွက် သူတို့ရဲ့ အသင်းလူစာရင်းကနေ ချန်ရစ်ခံခဲ့ပါတယ်။

"ကျနော်က အားကစားသမိုင်းသစ်ကို ရေးထိုးချင်ပါတယ်၊ ဆော်ဒီပရိုလိဂ်က လက်ရှိအချိန်မှာ ကြီးမားတဲ့ စွမ်းအင်နဲ့ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေ ရှိပါတယ်"လို့ နေမာက ပြောပါတယ်။

"ဆော်ဒီအာရေးဗီးယားမှာ နှစ်တွေကြာအောင်ကစားခဲ့တဲ့ ဘရာဇီးလ်ကစားသမားစာရင်းရှည် နောက်ကို လိုက်ရင်း တော်တော်များများ ကျနော် ကြားသိလေ့လာခဲ့ပြီးပါပြီ။ ဒီတော့ ဒါဟာ လိုချင်တဲ့နေရာလို့ ကျနော် ယုံကြည်ပါတယ်။"

"အလ်-ဟီလာလ်ဟာ ထူးခြားကောင်းမွန်တဲ့ ပရိသတ်တွေရှိတဲ့ အသင်းကြီးတစ်သင်းဖြစ်ပြီး အာရှရဲ့အကောင်းဆုံးအသင်းဖြစ်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ကလပ်အသင်းနဲ့အတူ အချိန်မှန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ခံစားချက်ကို ကျနော်ကို ပေးပါတယ်။ အနိုင်ရပြီး ဂိုးတွေသွင်းယူရတာကို နှစ်သက်ပါတယ်။ ဆော်ဒီအာရေဗီးယားနဲ့ အလ်-ဟီလာလ်တို့မှာ ဆက်လုပ်သွားဖို့ ကျနော် စီစဉ်ထားပါတယ်။"

ဒီတိုက်စစ်ကစားသမားဟာ ပြင်သစ်ကလပ်မှာ တစ်နှစ်ဝင်ငွေ ယူရို ၂၅ သန်း (ပေါင် ၂၁.၆ သန်း) ရရှိနေတယ်လို့ သိခဲ့ရပါတယ်။

ပီအက်စ်ဂျီမှာ သူ (၂)နှစ်စာချုပ်နဲ့ ရရှိခဲ့တဲ့ ပမာဏထက် ၆ ဆများတဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၁၅၀ (ပေါင် ၁၂၉.၂ သန်း)ကို ဆော်ဒီအာရေးဗီးယားမှာ ရရှိမှာဖြစ်ပါတယ်။

အလ်-ဟီလာလ်ရဲ့ ဥက္ကဌ ဖာဟက် ဘင်ဆာ့ဒ်က နေမာကို "ကမ္ဘာ့လုံးဆိုင်ရာ အိုင်ကွန်"တစ်ယောက်နဲ့ "ရပ်တန့်မရတဲ့ တိုက်စစ်အားပြုသူ"လို့ ခေါ်ဆိုခဲ့ပါတယ်။

ဘရာဇီးလ်သားဟာ ပီအက်စ်ဂျီအတွက် (၁၇၃) ပွဲ ကစားပေးခဲ့ပြီး လီဂူးဝမ်း ဖလား ၅ လုံးအပါအဝင် ဆုဖလားပေါင်း ၁၃ လုံးနဲ့ ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်အောင်လည်း ကူညီပေးခဲ့ပါတယ်။

အလ်-ဟီလာလ်ဟာ အစဉ်အလာအားဖြင့် ဆော်ဒီအာရေဗီးယားရဲ့ ထိပ်တန်းကလပ်တွေထဲမှ အသင်းတစ်သစ်းဖြစ်ပြီး အာရှချန်ပီယံလိဂ်ဖလားကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

သူတို့ဟာ ဆော်ဒီအာရေးဗီးယားရဲ့ Public Investment Fund (PIF)က ပိုင်ဆိုင်တဲ့ အယ်လ်-နာဆာ၊ အယ်လ်ဟီလီနဲ့ အလ်-အီတီဟဒ်တို့နဲ့အတူ ကလပ်လေးခုထဲမှ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Ref; BBC/AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required