အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဇူလိုင်လကုန်အထိ ထိန်းချုပ်နယ်မြေတွေမှာ တရားရုံး ၂၈ ရုံးဖွင့်လှစ်ပြီး စစ်ဘက်ဆိုင်ရာပြစ်မှုတွေကိုပါ စစ်တရားရုံးဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ NUG တရားရေးဝန်ကြီးဌာန သတင်းအချက်အလက်နဲ့ နည်းပညာဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ တရားမမှု ၄၂ မှု၊ ရာဇဝတ်မှု ၁၉၄ မှုကို စစ်ဆေးခဲ့ပြီး တရားမမှု ၁၂၃ မှု ရာဇဝတ်မှု ၁၇၂ မှုကိုတော့ စစ်ဆေးဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးခဲ့တဲ့ ရာဇဝတ်မူ ၁၉၄ မှုထဲက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်ခဲ့ပါတယ်။ အကျဉ်းသားတွေကိုတော့ အချုပ်ထောင်/အကျဉ်းထောင်ရှိရာ မြို့နယ်တွေမှာထိန်းသိမ်း ထားပြီး အချုပ်ထောင်/အကျဉ်းထောင် မရှိသေးတဲ့မြို့နယ်တွေမှာတော့ သက်ဆိုင်ရာ ပအဖ/ပကဖ အဖွဲ့တွေရဲ့ အချုပ်ထောင်တွေမှာ ထိန်းသိမ်းထားတယ်လို့ NUG တရားရေးဝန်ကြီးဌာနကပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN