ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘဲ ပြည်သူကို အကြမ်းဖက်ဖို့သာ တတ်တဲ့ စစ်ကောင်စီ

By မဇ္ဈိမ 
16 August 2023
ဘာတစ်ခုမှ မထိန်းချုပ်နိုင်ဘဲ ပြည်သူကို အကြမ်းဖက်ဖို့သာ တတ်တဲ့ စစ်ကောင်စီ

လက်ရှိအချိန် မြန်မာပြည်ရဲ့ အဓိက စားကုန်ဖြစ်တဲ့ ဆန်ဈေးဟာ စိုးရိမ်စရာကောင်းလောက်အောင် အဆမတန်မြင့်တက်နေပါတယ်။

 

ရက်ပိုင်းအတွင်းမှာ တရိပ်ရိပ်ထိုးတက်တာဖြစ်ပြီး ရွှေဘိုထိပ်စ တစ်ပြည်ကို ၇၀၀၀ ကျပ်နီးပါးအထိ ဖြစ်လာပြီး ဧည့်မထလို ဆန်ကြမ်းတွေတောင် တစ်ပြည်ကို ကျပ် ၅၀၀၀ နီးပါး ရှိနေပါပြီ။

 

အရင်က ကုန်ဈေးနှုန်းတက်တာမျိုးဟာ လခြားပြီး ရာဂဏန်းလောက် တက်တာပေမယ့် အခုရက်ပိုင်းအတွင်း မှာတော့ ဒီနေ့နဲ့မနက်ဖြန် မတူဘဲ ထောင်ဂဏန်းအထိ ထိုးတက်လာတာ တွေ့ရပါတယ်။ အဲဒီလို ဈေးအမြန်တက်တာမှာ ဆန်ဈေးက အဆိုးဆုံးဖြစ်နေတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required