ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း အန်ဒရက်စ် အင်နီယေစတာ ယူအေအီးရှိ အမ်းမရိတ်စ်ကလပ်နဲ့ စာချုပ်

ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း အန်ဒရက်စ် အင်နီယေစတာ ယူအေအီးရှိ အမ်းမရိတ်စ်ကလပ်နဲ့ စာချုပ်
Photo: Emirates Club

ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း အန်ဒရက်စ် အင်နီယေစတာဟာ UAE ပရိုလိဂ်ကလပ် အမ်းမရိတ်စ်ကလပ်နဲ့ စာချုပ်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

စပိန်ကစားသမားကြီးဟာ ဂျေလိဂ်ရာသီဝက် ဇူလိုင် ၁ ရက်နေ့က ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကနေ ထွက်ခွာခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ဂျပန်ကလပ်အတွက် ၁၃၄ ပွဲကစားကာ ၂၀၁၉ မှာ ပြည်တွင်း အင်ပါယာဖလားနဲ့ နောက်နှစ်မှာ ဂျပန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက UAE ထိပ်တန်းအဆင့်ကို တန်းတက်ခွင့်ရခဲ့တဲ့ အမ်းမရိတ်စ်ကလပ်က "ကြိုဆိုပါတယ် အင်နီယေစတာ"လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့ပါတယ်။

အင်နီယေစတာဟာ ၂၂ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာအသင်းမှာ ဆုဖလား ၃၂ လုံး ဆွတ်ခူးပြီး စီနီယာပွဲပေါင်း ၆၇၄ ပွဲ ပါဝင်ခဲ့ပြီးနောက် ဂျပန်ကို ပြောင်းရွှေ့ခဲ့တာပါ။

သူဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၁၃၃ ပွဲကစားကာ နိုင်ငံအသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၀၈ နဲ့ ၂၀၁၂ တို့မှာ ဥရောပချန်ပီယံရှစ်ကို ဆွတ်ခူးနိုင်စေဖို့ ကူညီပေးခဲ့ပါတယ်။

သူ့ရဲ့အသင်းသစ်ဟာ သြဂုတ်လ ၁၉ ရက်နေ့မှာ Al-Wasl နဲ့ သူတို့ရဲ့ရာသီသစ်ကို စတင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required