ဆီးရီးယားတပ်များကို အိုင်အက်စ်က တိုက်ခိုက်ရာတွင် အဆိပ်ဓာတ်ငွေ့ သုံးစွဲခဲ့ဟုဆို

ဆီးရီးယားတပ်များကို အိုင်အက်စ်က တိုက်ခိုက်ရာတွင် အဆိပ်ဓာတ်ငွေ့ သုံးစွဲခဲ့ဟုဆို

ဒမတ်စကပ်၊ ဧပြီ ၆ ။          ။ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များကို အိုင်အက်စ်တို့က တိုက်ခိုက်ရာ၌ အရေပြားကို လောင်ကျွမ်းစေသော အဆိပ်ဓာတ်ငွေ့ mustard gas ကို သုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင်သတင်းက ဖော်ပြသည်။

ဒီအာဇိုရွာအရပ်ကို အိုင်အက်စ်တို့က အုပ်စီးမိရေး တိုက်ခိုက်ရာတွင် ယင်းအဆိပ်ဓာတ်ငွေ့ဖြင့် အစိုးရတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် အလီပိုပြည်နယ်၌ ဆီးရီးယားတိုက်လေယာဉ်တစ်စင်း သူပုန်တို့၏ ပစ်ချခြင်း ခံရသည်။

အဆိုပါ တိုက်လေယာဉ်မှ အဖွဲ့ဝင်တစ်ဦးကို သူပုန်အဖွဲ့မှ ဖမ်းဆီးသွားကြောင်းလည်း အတည်မပြုနိုင်သည့် သတင်းများတွင် ဖော်ပြသည်။

အဆိုပါ လေယာဉ် ပျက်ကျ၍ လေယာဉ်မှူးဖြစ်သူကို အယ်ခိုင်ဒါဆက်နွယ်သည့် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့နှင့် သူပုန်သတင်းရင်းမြစ်များကို ကိုးကားကာ ရိုက်တာသတင်းက ဖော်ပြသည်။

ယင်းလေယာဉ်ကို မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်ဖြင့် ပစ်ချခြင်းဖြစ်ကြောင်း၊ ယင်းလေယာဉ်မှာ ကယ်ဆယ်ရေးမစ်ရှင်တစ်ခုကို ဆောင်ရွက်နေချိန် ပစ်ချခံရခြင်းဖြစ်ကြောင်း ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်သည်။ လေယာဉ်မှူးဖြစ်သူ အဖမ်းခံရခြင်း ရှိမရှိကိုမူ ယင်းသတင်းတွင် မဖော်ပြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly