EXO အဖွဲ့ဝင် Baekhyun ဒရမ်မာ ဇာတ်ကားသစ်တွင် ဘုရင့်သားတော်အဖြစ် သရုပ်ဆောင်သွားမည်

EXO အဖွဲ့ဝင် Baekhyun ဒရမ်မာ ဇာတ်ကားသစ်တွင် ဘုရင့်သားတော်အဖြစ် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO အဖွဲ့ဝင်  Baekhyun သည်  ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “ Scarlet Heart: Ryeo” တွင် ဘုရင့်သားတော်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

Baekhyun သည် နန်းတွင်း အဝတ်အစားများ ဝတ်ဆင်ထားသော ဓာတ်ပုံများကို ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့်  ဧပြီ ၄ ရက်က ဖော်ပြခဲ့သည်။ ယင်းဓာတ်ပုံတွင်  Beekhyun ၏ မျက်နှာတွင် တောက်ပသော အပြုံးကို တွေ့ရပြီး ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကားတွင် ၎င်းသရုပ်ဆောင်ရမည့် ဇာတ်ရုပ်ကို ဖော်ပြထားသည်။

ယင်းဇာတ်ကားတွင် မင်းသား လီဂျောင်ကီ၊ ကောင်ဟာနူးလ်၊ ဟောင်ဂျောင်ဟွန်း၊ နမ်ဂျိုဟွတ်ခ်နှင့် ဂျီဆိုတို့သည်  Georyeo မင်းဆက်၏ သားတော်များအဖြစ် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။
“ Scarlet Heart : Ryeo” ဇာတ်ကားကို ယခုနှစ်ဝက်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags