"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်"  (ရုပ်/သံ)

By လင်းသူရိန် (မဇ္ဈိမ)
19 July 2023
"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်"  (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီးနောက် ခက်ခဲကျပ်တည်းလာနေတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ အနီးကပ် ဆက်ဆံရေးရှိတဲ့ ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဇူလိုင်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက် မြို့မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်ဆိုတဲ့အပေါ်  အဲဒီလို ပြောဆိုလိုက် ကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံကို အမှန်တကယ် ကူညီချင်ကြတယ်ဆိုရင် နိုင်ငံတကာအပါအဝင် မိတ်ဆွေ နိုင်ငံတွေ အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး စစ်ဖိနပ်အောက်ကို ပြန်ရောက်အောင် တွန်းမပို့မိဖို့ လို့တယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က မဇ္ဈိမကို ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - လင်းသူရိန် 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required