စစ်ကောင်စီနဲ့ EAOs ၅ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးပြဇာတ် (ဆောင်းပါး)

စစ်ကောင်စီနဲ့ EAOs ၅ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးပြဇာတ် (ဆောင်းပါး)

ပြီးခဲ့တဲ့လကုန်ပိုင်းက နေပြည်တော်မှာ စစ်ကောင်စီနဲ့ EAOs ၅ ဖွဲ့တွေ့ဆုံပြီး အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုပြုလုပ်သွားခဲ့ပါတယ်။

NCA ထိုးထားတာကိုအကြောင်းပြပြီး စစ်တပ်အာဏာသိမ်းတာကို ထိုင်ကြည့်နေခဲ့တဲ့ EAOs ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆိုတာထက် နိုင်ငံတကာ အမြင်ကောင်းအောင်လုပ် ပြတဲ့ ဟန်ပြသက်သက်ဆွေးနွေးပွဲသာဖြစ်ပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုကြည့်မယ်ဆိုရင်အဖြေ ကရှင်းနေပါတယ်။

စစ်ကောင်စီကို နိုင်ငံရေးမှာပါဝင်ခိုင်းနေသမျှ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး၊ ဒေသတွင်းတည်ငြိမ်းရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ကို ဆွေးနွေးခဲ့ကြ တာကိုကြည့်ရင် အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲဟုတ် မဟုတ်ဆိုတာရှင်းနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required