MMA ကြယ်ပွင့် ဖရန်စစ် အန်ဂန်နူနဲ့ ရင်ဆိုင်ရယ့် WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီ

MMA ကြယ်ပွင့် ဖရန်စစ် အန်ဂန်နူနဲ့ ရင်ဆိုင်ရယ့် WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီ

ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တိုင်ဆန်ဖြူရီဟာ MMA ဖိုက်တာ ဖရန်စစ် အန်ဂန်နူနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူဟာ လက်ဝှေ့ထိုးသတ်ပွဲမှာ ပရော်ဖက်ရှင်နယ် မှတ်တမ်းမရှိပါဘူး။

ဖြူရီအသင်းက အဲ့ဒီထိုးသတ်ပွဲဟာ သရုပ်ပြပွဲတစ်ပွဲမဟုတ်ဘဲ "ပရော်ဖက်ရှင်နယ်လက်ဝှေ့ရဲ့ တရားဝင်စည်းမျဉ်းတွေအောက်မှာ ထိုးသတ်မှာဖြစ်ပြီး၊ အကဲဖြတ်ဒိုင်သုံးဦးမှ ၁၀ မှတ်ရရမယ့်စနစ်"ကို ကျင့်သုံးမှာဖြစ်တယ်လို့ ပြောပါတယ်။

ဖြူရီဟာ ရီယာ့ဒ်ထိုးပွဲမှာ သူ့ရဲ့ WBC ချန်ပီယံဆုကို ကာကွယ်တာမျိုး မဟုတ်ပါဘူး။

"ဒီကောင်က ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး လက်သီးသမားလို့ ယူဆရတယ်၊ ဒါပေမယ့် Big GK နဲ့ ထိုးမိရင် သူဘယ်လို တုံ့ပြန်မလဲဆိုတာ ကြည့်ကြတာပေါ့"လို့ ဖြူရီက သူ့ရဲ့ 'Gypsy King' ဆိုတဲ့ နာမည်ပြောင်ကို ရည်ညွှန်းပြီး ပြောပါတယ်။

အန်ဂန်နူက ဖြူရီနဲ့ လက်ဝှေ့ထိုးသတ်ဖို့အတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော် တိုင်ဆန်ကို ကွင်းထဲမှာ တွေ့ဖို့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက စောင့်နေခဲ့တာပါ"လို့ သူက ပြောပါတယ်။

"အခုလောလောဆယ် ကျနော် တိုင်ဆန်ကို ပြောရမယ်ဆိုရင် သူ အဲဒီကြိုးဝိုင်းထဲမှာ ကတာက ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျနော် သူ့ကို ထိမိရင် သူ အိပ်ပျော်သွားလိမ့်မယ်"

သူဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် UFC အလဲထိုး ၁၂ ပွဲနိုင်ပွဲနဲ့အတူ ပွဲ ၂၀ မှာ ၁၇ ပွဲ အနိုင်ရခဲ့ပါတယ်။

ကော်နာ မက်ဂရီဂေါ်၊ အန်ဒါဆန် ဆေးလ်ဗားနဲ့ Tyron Woodley အပါအဝင် MMA ကြယ်ပွင့်တွေဟာ အရင်က လက်ဝှေ့ကြိုးဝိုင်းဆီ ကူးပြောင်းဖို့ ရုန်းကန်ခဲ့ရပါတယ်။

WBC က ထိုးပွဲမှာ ပါဝင်ပတ်သတ်မှာမဟုတ်ပေမယ့်လည်း ဖြူရီဟာ လက်ရှိမှာ မဖြစ်မနေ စိန်ခေါ်သူမရှိတာကြောင့် ချန်ပီယံပွဲမဟုတ်တဲ့ ထိုးပွဲမှာ ယှဉ်ပြိုင်ဖို့ "အထူးခွင့်ပြုချက်"ပေးထားတယ်လို့ ပြောပါတယ်။

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required