စစ်ရှောင်စခန်း  ၅ ခုတွင် လိုအပ်နေသည့် အဆောက်အအုံပစ္စည်းများကို ကယန်းအမျိုးသမီးအစည်းအရုံး ထောက်ပံ့

By ကိုဇာနည် (မဇ္စျိမ)
09 July 2023
စစ်ရှောင်စခန်း  ၅ ခုတွင် လိုအပ်နေသည့် အဆောက်အအုံပစ္စည်းများကို ကယန်းအမျိုးသမီးအစည်းအရုံး ထောက်ပံ့
ဓာတ်ပုံ (KyWO)

ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) က  ဖယ်ခုံမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ငါးခုတွင် လတ်တလော လိုအပ်နေသည့် အဆောက်အအုံပစ္စည်းနှင့်နေရာထိုင်ခင်းများကို  ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

ထို စခန်းငါးခုရှိ အိမ်ထောင်စု ၁၀၀ အား ဇူလိုင်လ ၄ ရက်မှ ဇူလိုင်လ ၇ ရက်အတွင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

" အဓိကတော့ မုဆိုးမနဲ့ တကယ့်လိုအပ်နေတဲ့သူကို ဦးစားပေး ထောက်ပံ့ပေးတာဖြစ်တယ်။  အထူးသဖြင့် အမျိုးသမီးတွေဖြစ်ကြတဲ့အတွက် တချို့သောလိုအပ်ချက်တွေ စိန်ခေါ်မှုတွေ အများကြီးရှိတယ် ။ ကျမတို့လည်း အလှူရှင်ထံကနေ တစ်ဆင့် ပံ့ပိုးပေးရသည့်အတွက် အပြည့်အစုံတော့ မထောက်ပံ့ပေးနိုင်ပေမယ့် အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးပြီး အားလုံးစစ်ရှောင်တွေဖြစ်ကြတဲ့အတွက် အားလုံးက လိုအပ်နေတယ်” ဟု  KyWO၏ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

လိုအပ်နေသော ပစ္စည်းဖြစ်သည့် အထပ်သား​ပြား ၊ မိုးကာ၊ သွပ်ကြိုး၊ ပိုက်ဖျာတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကရင်နီပြည်နယ်အတွင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်နေ့ထက် တစ်နေ့ပိုမိုများပြားလာပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုနေသည်ဟု သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly