ရေဖြူမြို့နယ် ကံပေါက်တွင် ညသပိတ် ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
28 June 2023
ရေဖြူမြို့နယ် ကံပေါက်တွင် ညသပိတ် ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇွန်လ ၂၈ ရက်နေ့ ညပိုင်းတွင် ထားဝယ်ပင်မသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမှု နှစ်နှစ် လေးလပြည့် အောက်မေ့ဖွယ် အမှတ်ရခြင်းအဖြစ် ဆီမီးထွန်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ကိုဖေသန်း၊ ကိုသန်းဝင်း၊ ကိုလွင်လွင်ဦးနှင့် ကိုဗညားအောင်တို့လေးဦး အသက်ပေးခဲ့ရပြီး ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူအများအပြား ရှိခဲ့သည်။

ဇွန်လ ၂၈ ရက်သည် ထားဝယ်ပင်မသပိတ်တွင် အသက်ပေးဆပ်ခဲ့ရသူများ၏ နှစ်နှစ်နှင့် လေးလပြည့် နေ့ဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတညဖြတ်။ ။အောင်ကျော်ဖြိုး

#ရေဖြူမြို့နယ်

#ကံပေါက်ဒေသ

#ညသပိတ်

#ဆီမီးထွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required