မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆို

မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆို

မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ဦးဆောင်ကျင်းပဖို့ လုပ်နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ADMM PLUS စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းဖျက်သိမ်းဖို့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) ကို Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

ဆန့်ကျင်မှုများရှိနေပေမယ့်လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ရဲ့ ဆက်စပ်အစီအစဉ်တွေ ဖြစ်တဲ့ မြန်မာစစ်အုပ်စုနဲ့ ရုရှားအစိုးရတို့ ပူးတွဲဦးဆောင်မယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ADMM PLUS အလုပ်ရုံဆွေးနွေးပွဲကို မကြာမီ လပိုင်းအတွင်း ကျင်းပမယ်လို့ သိရပါတယ်။ 

ရုရှားမှာ ပြုလုပ်မယ့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် စစ်သည်များ ချထားကာ တန်ပြန်တိုက်ခိုက်တဲ့ဟန် လေ့ကျင့်မှာဖြစ်ပြီး လေ့ကျင့်ခန်းနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း စစ်ကောင်စီက ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာ လက်ခံကျင်းပဖို့ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required