မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်း

မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးအရေးယူဖို့ အာဆီယံကို ကုလတိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်မယ့် ခြေလှမ်းသစ်တွေ စဉ်းစားဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နည်းလမ်းသစ်တွေနဲ့ ပြောင်းလဲ အဖြေရှာသင့်နေပြီလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်တာပါ။

ရှေ့မဆက်နိုင်ဖြစ်နေတဲ့ အခြေအနေမှာ ဖောက်ထွက်နိုင်မယ့် တခြားနည်းလမ်းကို စဉ်းစားရမယ့် အချိန်ရောက်လာပြီလို့ဆိုပါတယ်။

ဒါ့အပြင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘဲ ပစ်ပယ်ထားတာတွေအတွက် စစ်ကောင်စီက တာဝန်ခံမှုရှိအောင်လုပ်ဖို့ စဉ်းစားရပါလိမ့်မယ် လို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က သတင်းထောက်တွေကို ပြောလိုက်တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required