ပက်ခ်ရှင်ဟေး နဲ့ Kim Rae-won တို့ SBS ရုပ်သံဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်သွားမည်

ပက်ခ်ရှင်ဟေး နဲ့ Kim Rae-won တို့ SBS ရုပ်သံဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးနှင့် မင်းသား Kim Rae-won  တို့သည် SBS ရုပ်သံ၏ ဒရမ်မာဇာတ်ကားသစ် “ Doctors”တွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက မတ် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

“ Doctors” ဇာတ်ကားသည် ဆေးဘက်ဆိုင်ရာ ဒရမ်မာဇာတ်ကားဖြစ်ပြီး  အာရုံကြောခွဲစိတ်ဆရာဝန် ဟောင်ဂျီဝမ်အဖြစ် ကင်က သရုပ်ဆာင်သွားမည်ဖြစ်ပြီး ပက်ခ်သည်လည်း ဆရာဝန်တစ်ဦးအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်သည်။

ပက်ခ်သည် “ Pinnocchio”  နှင့် “ The Heirs” ကဲ့သို့သော အောင်မြင်ကျော်ကြားသော ဒရမ်မာ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ပက်ခ်နှင့် ကင်တို့ အတူသရုပ်ဆောင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။

“ Doctors” ဇာတ်ကားကို    ဇွန်လတွင် တနလာၤနှင့် အဂါၤနေ့ည ၁၀ နာရီအချိန်တွင် ပြသရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required