သမ္မတသစ်ကို ကြိုဆိုသည့် အနေဖြင့် စတုဒီသာကျွေး

သမ္မတသစ်ကို ကြိုဆိုသည့် အနေဖြင့် စတုဒီသာကျွေး

ရန်ကုန်၊ မတ်လ ၃၀ ။            ။  နှစ်ပေါင်း ၅၀ကျော်အတွင်း ပထမဆုံးအရပ်သား သမ္မတဖြစ်လာသည့် ဦးထင်ကျော်ကို ကြိုဆိုသောအားဖြင့် ယနေ့(မတ်လ ၃၀ ရက်နေ့)တွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း၌ ဂုဏ်ပြုပွဲပြုလုပ်ကာ မုန့်ဟင်းခါးနှင့် ရွှေရင်အေး စတုဒီသာကျွေးခဲ့သည်။

"သမိုင်းမော်ကွန်းသစ် ပဲ့ကိုင်ရှင် သမ္မတကြီး ဦးထင်ကျော်ကို ဂုဏ်ပြုသည်" ဟု စာသားပါ ဗွီနိုင်းများ ချိတ်ဆွဲ၍ အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။

ထို့အပြင် ပြည်ထောင်စု လွှတ်တော်၌ သမ္မတ၊ ဒုသမ္မတသစ်များ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ သမ္မတဦးထင်ကျော်၏ မိန့်ခွန်းနှင့် တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ပရိုဂျက်တာထိုးကာ ပြသခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required