ဇူလိုင် ၁။ ။ ဂျပန်အစိုးရက သီလဝါအထူးစီးပွားရေးဇုံနှင့် အသေးစားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ အတွက် ဂျပန် ယန်းငွေ ၂၆ ဘီလီလျံခန့် ချေးမည်ဖြစ်သည်။
ချေးငွေကို ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး အဆင့်စီမံကိန်းပထမအဆင့်၊ သီလဝါအထူးစီးပွားရေးဇုံ၏ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး ပထမအဆင့် ဒုတိယအပိုင်းနှင့် အသေးစားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့၌ အသုံးပြု သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရကသတင်း ထုတ်ပြန်သည်။
ယင်းချေးငွေသည် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ Official Development Assistance (ODA) အစီအစဉ်မှဖြစ် ပြီး နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ဇွန် ၃၀ က လက်မှတ်ရေးထိုးခဲ့သည်။
လက်မှတ်ရေးထိုးပွဲသို့ ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr Tateshi Higuchi၊ JICA မြန်မာနိုင်ငံအကြီးအကဲ Mr Keiichiro Nakazawa၊ ဘဏ္ဍာရေးဝန်ကြီးဌာနငွေကြေးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင် ဝင်းတို့ တက်ရောက်ကြသည်။