အီရန်ဘက်ကို ခြေဦးလှည့်နေပြန်တဲ့ စစ်ကောင်စီ

05 June 2023
အီရန်ဘက်ကို ခြေဦးလှည့်နေပြန်တဲ့ စစ်ကောင်စီ

အီရန် ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air ပိုင် လေယာဉ်တစ်စီးဟာ မေလအတွင်း အီရန်နိုင်ငံရဲ့ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မက်ရှ်ဟက်ဒ်ကနေ မြန်မာနိုင်ငံကို အသွားအပြန် ပျံသန်းခဲ့တယ်လို့သတင်းတွေ ထွက်လာခဲ့ ပါတယ်။ ဒီလေကြောင်းလိုင်းဟာ အီရန်ရဲ့လက်နက်ရောင်းဝယ်မှုတွေကိုအဓိကကူညီပံ့ပိုးပေးနေတဲ့လေကြောင်း လိုင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်ကအရေးယူပိတ်ဆို့မှုတွေချမှတ်ထားခဲ့တဲ့လေကြောင်းလိုင်းလည်းဖြစ်ပါ တယ်။

 

အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားပြည်တွင်းစစ်က အုပ်စုတွေကို လက်နက်တွေ ပို့ဆောင်ပေးခဲ့တာကြောင့် အမေရိကန်ဘဏ္ဍာရေးဌာနက Qeshm Fars Air ကို အရေးယူပိတ်ဆို့မှုတွေချမှတ်ထားခဲ့တာပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required