မိုင်းလားမြို့က ဆွေးနွေးပွဲအပေါ် အညာက တော်လှန်ရေးသမားတွေရဲ့ အမြင် (ရုပ်/သံ)

By လွှမ်းမိုး (မဇ္ဈိမ)
01 June 2023
မိုင်းလားမြို့က ဆွေးနွေးပွဲအပေါ် အညာက တော်လှန်ရေးသမားတွေရဲ့ အမြင် (ရုပ်/သံ)

မြောက်ပိုင်း ညီနောင် သုံးဖွဲ့ဖြစ်တဲ့  TNLA ၊ MNDAA ၊ AA နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့ (NSPNC) တို့ ဒီနေ့ ဇွန်လ ၁ ရက်နေ့ မှာ စတင်တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

မြောက်ပိုင်းညီနောက် သုံးဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေး အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့မှာ တွေ့ဆုံနေကြတာပါ။

အဲဒီစည်းအဝေးဟာ နှစ်ရက်ခန့် ကြာမြင့်မှာဖြစ်ပြီး ဆွေးနွေးမယ့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးကြောင်း ‌AA ပြောခွင့်ရသူ ဦးခိုင်သုခက မေလ ၃၁ ရက်နေ့မှာ မဇ္ဈိမကို ပြောပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးမှုအပေါ်  အညာဒေသအခြေစိုက် တော်လှန်ရေးသမား တချို့ရဲ့ အမြင်တွေကို မဇ္ဈိမက စုစည်းတင်ဆက် ပေးလိုက်ပါတယ်။

တည်းဖြတ် = မဇ္ဈိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required