Batman V Superman ရုပ်ရှင်ကား ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေ အမေရိကန် ဒေါ်လာ ၄၂၄ သန်း ရရှိ

Batman V Superman ရုပ်ရှင်ကား ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေ အမေရိကန် ဒေါ်လာ ၄၂၄ သန်း ရရှိ

Batman V Superman: Dawn of Justice ရုပ်ရှင်ကား  ဆိုးရွာသော ဝေဖန်ချက်များ ရှိသော်လည်း ပထမငါးရက်အတွင်း ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ ၄၂၄ သန်း ရရှိခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေတွင် အမေရိကန်ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၁ သန်း ပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် မတ်လအတွက် စံချိန်တင် ဝင်ငွေရရှိခဲ့သည့် ရုပ်ရှင် ကားဖြစ်သည့်အပြင် အဖွင့်သီတင်းပတ် ဝင်ငွေအများဆုံးရရှိသည့်  ဆဌမမြောက် ရုပ်ရှင်ကား ဖြစ်သည်။

ဗြိတိန်တွင် Batman V Superman ရုပ်ရှင်ကားသည် စတာလင်ပေါင် ၁၅ ဒသမ ၅ သန်းရရှိခဲ့ ပြီး မတ်လအတွက် ဝင်ငွေရရှိမှု စံချိန်တင်ခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၂၅၀ အကုန်ကျခံ ရိုက်ကူးခဲ့သည့် အဆိုပါ ရုပ်ရှင်ကားသည် “Harry Potter and the Deathly Hallows: Part 2”  ရုပ်ရှင်ပြီးနောက် Warner Bro ကုမ္ပဏီ၏ နိုင်ငံတကာတွင် အဖွင့်ပြသစဉ် ဝင်ငွေ ဒုတိယအများဆုံး ရရှိခဲ့သည့်  ရုပ်ရှင်ကား ဖြစ်သည်။

“ဒါဟာဆိုရင် ဝေဖန်ရေးသမားများရဲ့ ရေးသားမှု၊ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ တုန့်ပြန်မှု တွေဟာ ဆက်စပ်မှုမရှိဘူးဆိုတာကို ပြနေပါတယ်” ဟု Warner Bros ကုမ္ပဏီဖြန့်ချိရေး အကြီးအကဲ   ဂျက်ဖ်ဂိုးလ်စတင်းက ပြောကြားသည်။

Batman V Superman ရုပ်ရှင်ကားသည် တရုတ်နိုင်ငံတွင် ရုပ်ရှင်ရုံပေါင်း ၁၆၀၀၀ ၊ အမေရိ ကန်ပြည်ထေင်စုတွင် ရုပ်ရှင်ရုံပေါင်း ၄၂၄၂ ရုံ၊ ဗြိတိန်တွင် ရုပ်ရှင်ရုံပေါင်း ၁၇၀၁ ရုံနှင့် တောင်ကိုရီး ယားနိုင်ငံတွင် ရုပ်ရှင်ရုံပေါင်း ၁၆၉၆ ရုံ အပါအဝင် ဈေးကွက် ၆၆ ခုတွင် ရုပ်ရှင်ရုံပေါင်း ၄၀၀၀၀ ကျော်တွင် ဖွင့်လှစ်ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly