"ပြည်သူတွေရဲ့ လုပ်ငန်းခွင်တွေမှာ တတ်နိုင်သလောက် ကူညီနေတယ်"

By KMN (မဇ္ဈိမ)
28 May 2023
"ပြည်သူတွေရဲ့ လုပ်ငန်းခွင်တွေမှာ တတ်နိုင်သလောက် ကူညီနေတယ်"

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အကြမ်းဖက် အာဏာသိမ်းယူခဲ့ပါတယ်။ ၂၀၂၁ နှစ်လယ်ပိုင်းလောက်ကစပြီး လူငယ်အများစုဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိရာ  နယ်မြေတွေသွားရောက်ပြီး စစ်အာဏာရှင်ကိုတော်လှန်ဖို့ စစ်သင်တန်းတွေတက်ရောက်ပြီး တော်လှန်ရေးမှာ ပါဝင်လာကြပါတယ်။

 စစ်အာဏာရှင်ကို ရရာလက်နက်တွေ လက်လုပ်သေနတ်တွေနဲ့ တော်လှန်နေကြတဲ့ မြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်ကလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ပါဝင်နေပါတယ်။

ကနီမြို့နယ်ထဲမှာ အခြေစိုက်တဲ့ လွတ်လပ်ရေးတပ်တော် (Independence Army -IA) အဖွဲ့ဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ကျောင်းသား၊လူငယ်၊ အလုပ်သမားတွေနဲ့ဖွဲ့စည်းထားပါတယ်။

စစ်အာဏာရှင်ကို မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်နေပြီး တော်လှန်ရေးအားလပ်ချိန်တွေမှာ ဒေသခံပြည်သူတွေရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ကျေးလက်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါဝင်နေကြတယ်လို့ လွတ်လပ်ရေးတပ်တော် တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required