“မိုခါ” မုန်တိုင်းတိုက်ခတ်မှုအပြီး ၄ ရက်မြောက်နေ့ စစ်တွေမြို့မြင်ကွင်း (ပုံသတင်း)

“မိုခါ” မုန်တိုင်းတိုက်ခတ်မှုအပြီး ၄ ရက်မြောက်နေ့ စစ်တွေမြို့မြင်ကွင်း (ပုံသတင်း)
Photos- Zann Win Paing

အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအပြီး ယနေ့ မေလ ၁၈ ရက်နေ့ တွေ့မြင်ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မြင်ကွင်းများ ဖြစ် သည်။

“မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်းမိုင် ၁၃၀ ဖြင့် ရခိုင်ကမ်းရိုးတမ်းကို မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းဗဟိုချက် စစ်တွေမြို့တွင် ၉၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံတဝန်း ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ကြောင့် မေလ ၁၇ ရက်နေ့အထိ သေဆုံးသူ ၄၅၅ ဦးရှိပြီး ယင်းအနက် ရခိုင်ပြည်နယ်မှ သေဆုံးသူ ၄၃၁ ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required