သစ်တောသစ်ပင်တွေ စိမ်းလန်းလာဖို့ ကြိုးပမ်းနေသူ ကိုဒင်္ဂါး (တွေ့ဆုံမေးမြန်းချက်)

By ဂျူချန်း (မဇ္ဈိမ)
06 May 2023
သစ်တောသစ်ပင်တွေ စိမ်းလန်းလာဖို့ ကြိုးပမ်းနေသူ ကိုဒင်္ဂါး (တွေ့ဆုံမေးမြန်းချက်)

မကွေးတိုင်း၊ ရေနံချောင်းမြို့မှာ ရေနံ့သာဒင်္ဂါးညီနောင်များအဖွဲ့က သစ်ပင်တွေစိုက်၊ ရေချမ်းစင်တွေ၊ ဇရပ်တွေဆောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။

မိုးခေါင်ရေရှားတဲ့အရပ်မှာ သစ်ပင်၊ သစ်တောတွေကို ထိန်းသိမ်းသင့်တဲ့အကြောင်း ရေနံ့သာဒင်္ဂါးညီနောင်များအဖွဲ့က ကိုဒင်္ဂါးက ဆိုပါတယ်။

ကိုဒင်္ဂါးဦးဆောင်တဲ့ ရေနံ့သာဒင်္ဂါး ညီနောင်များအဖွဲ့ဟာ အခုဆိုရင် အပင်ပေါင်း ၅,၀၀၀ နီးပါးကို စိုက်ပျိုးပြီးခဲ့ပြီဖြစ်ပြီး နောက်ထပ်လည်း အပင်တွေကို သူ့ကျန်းမာရေး ကောင်းမွန်နေသည့်အချိန်အထိ ဆက်လက်စိုက်ပျိုးသွားမယ်လို့ သူက ဆိုပါတယ်။

သစ်ပင်တွေဟာ ရာသီဥတု ပြောင်းလဲလာမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် လူတိုင်းသည် အနည်းဆုံး နှစ်ရှည်ပင် တစ်ပင်ကို စိုက်ပျိုးသင့်တယ်လို့ ကိုဒင်္ဂါးက တိုက်တွန်းထားပါတယ်။

မေးမြန်း/တည်းဖြတ်-ဂျူချန်း

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

#WeeklyInterview

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required