စစ်ကောင်စီကပြုလုပ်မည့် အကယ်ဒမီအခမ်းအနားကို သပိတ်မှောက်ကြရန် ရန်ကုန်ရှိ ရုပ်ရှင်ရုံများရှေ့ တွင် လှုံ့ဆော်

By ရောင်နီ (မဇ္စျိမ)
04 May 2023
စစ်ကောင်စီကပြုလုပ်မည့် အကယ်ဒမီအခမ်းအနားကို သပိတ်မှောက်ကြရန် ရန်ကုန်ရှိ ရုပ်ရှင်ရုံများရှေ့ တွင် လှုံ့ဆော်

စစ်ကောင်စီကပြုလုပ်ရန်စီစဥ်နေသည့် အကယ်ဒမီအခမ်းအနားကို သပိတ်မှောက်ကြရန် လှုံ့ဆော်မှုတစ်ခုကို တော်လှန်လူငယ်များက ယနေ့ မေလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ 

အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18)နှင့် မရမ်းကုန်းမြို့နယ်တော်လှန်လူငယ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးရုပ်ရှင်ရုံများဖြစ်သည့် သမ္မတ၊ ရှေ့ဆောင်နှင့်နေပြည်တော်ရုပ်ရှင်ရုံ အပါအ၀င် အခြားရုပ်ရှင်ရုံများရှေ့တွင် “သွေးစွန်းနေတဲ့ အကယ်ဒမီ” စာသားရေးသားထားသည့် စာရွက်များကိုင် ဆောင်ကာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ပွဲတက်ရင်ရွှေရင်ထိုးပေးမယ်လို့ မြူဆွယ်လို့ဆွယ်၊ ပွဲမတက်ရင် Jail အောင်းဖို့သာပြင်ထားဆိုပြီး လူမိုက် ဆန်ဆန်ခြိမ်းခြောက်လိုခြောက်နဲ့ အော်ဂလီဆန်စရာကောင်းတဲ့ အာဏာရူးတစ်သိုက်ရဲ့ လုပ်ပွဲကြီးကိုမြင် နေရကြောင်း” တော်လှန်လူငယ်များက ထုတ်ပြန်ထားသည်။ 

ပြည်သူများအနေဖြင့်လည်း “ အာဏာရူးတစ်သိုက်နှင့် သွေးစွန်းနေတဲ့အကယ်ဒမီပွဲ” ကို Boycott လုပ်ကြ ရန်၊ အကယ်ဒမီပေးပွဲကို မကြည့်၊ အကယ်ဒမီပေးပွဲအကြောင်း  မမျှဝေခြင်းဖြင့် ပါ၀င်ပေးကြရန်တိုက် တွန်းထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required