လူကာကူကို လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်လှောင်ပြောင်မှုအတွက် ဂျူဗင်တပ်ပရိသတ် ၁၇၁ ဦးကို ရဲတပ်ဖွဲ့က ပွဲကြည့်ခွင့်ပိတ်ပင်

လူကာကူကို လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်လှောင်ပြောင်မှုအတွက် ဂျူဗင်တပ်ပရိသတ် ၁၇၁ ဦးကို ရဲတပ်ဖွဲ့က ပွဲကြည့်ခွင့်ပိတ်ပင်
Photo: AFP

အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေနဲ့ အော်ဟစ်လှောင်ပြောင်ခဲ့ကြအပြီးမှာ တူရင်ရဲတပ်ဖွဲ့က သူတို့ဟာ ဂျူဗင်တပ်စ်ပရိသတ် ၁၇၁ ယောက်ကို ဒဏ်ငွေရိုက်ခဲ့ပြီး သူတို့ရဲ့ အိမ်ကွင်းအတွင်း လာရောက်ကြည့်ရှုခွင့် ပိတ်ပင်တားမြစ်ခဲ့တယ်လို့ တနင်္လာနေ့က ပြောပါတယ်။

ဂျူဗင်နဲ့ အင်တာမီလန်အသင်းတို့ကြား ဧပြီလ ၄ ရက်နေ့ အီတလီဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ လူကာကူဟာ ဂျူဗင်တပ်စ်ပရိသတ်အချို့ရဲ့ မျောက်လို့ လှောင်ပြောင်အော်ဟစ်သံတွေကို သူ့ရဲ့ကိုယ်စားလှယ်တွေက "ရိုင်းစိုင်းကြမ်းတမ်းတဲ့ ရန်လိုပြီး ရွံရှာဖွယ် လူမျိုးရေးခွဲခြားစော်ကားမှု"လို့ ခေါ်ဆိုခဲ့ပါတယ်။

တူရင်ရဲတပ်ဖွဲ့က ဆီမီးဖိုင်နယ်အတွင်း "လူမျိုးရေးခွဲခြားတဲ့ အောင်ဟစ်လှောင်ပြောင်သံတွေ"လို့ အတိုချုံးထုတ်ပြန်ချက်တစ်ခုမှာ ကိုးကားဖော်ပြခဲ့ပါတယ်။ သူတို့ဟာ ဒဏ်ကြေးပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသလို အားကစားကွင်းအတွင်း လာရောက်ကြည့်ခွင့် ပိတ်ပင်မှုမှာ အချိန်ကာလ ဘယ်လောက်ကြာမြင့်မလဲဆိုတာကိုလည်ဂ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ပွဲအပြီး ရက်ပိုင်းအကြာမှာ အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) မှ ဂျူဗင်တပ်စ်ကို ဒီကဏ္ဍရှိ "ပရိသတ်အများစု" မှ လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်သံတွေအတွက် တစ်ပွဲပယ်ပိတ်ခွင့်ပြုခဲ့ပေမယ့်လည်း အယူခံဝင်မှုကို ပယ်ဖျက်ခဲ့ပါတယ်။

လူကာကူဟာ ဂျူဗင်ကို ၁-၁ သရေကျစေမယ့် နောက်ကျပင်နယ်တီပြစ်ဒဏ်ဂိုး သွင်းပြီးနောက် ဂျူဗင်တပ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံတဲ့အတွက် အဝါကတ် နှစ်ကြိမ် အနီကတ်နဲ့ ထုတ်ခံရပြီးနောက် တစ်ပွဲ ပွဲပယ်ခံခဲ့ရပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ လက်ညှိုးကို ပါးစပ်မှာ တေ့ပြီး ဂျူဗင်တပ်ပရိသတ်တွေကို "ပါးစပ်ပိတ်"ထားလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် လူကာကူကို ဗုဒ္ဓဟူးနေ့ မီလန်မှာ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ကစားခွင့်ပေးဖို့ ပြင်းထန်တဲ့ တုံ့ပြန်မှုရှိတဲ့နောက် FIGC မှ ဒီပွဲပယ်ပြစ်ဒဏ်ကို ရုတ်သိမ်းပေးခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly