စင်ကာပူမြေအောက်ရထားလုပ်သားများ ရထားတိုက်ခံရပြီး နှစ်ဦးသေ

စင်ကာပူမြေအောက်ရထားလုပ်သားများ ရထားတိုက်ခံရပြီး နှစ်ဦးသေ

စင်ကာပူ၊ မတ် ၂၂ ။                ။ မတ် ၂၂က စင်ကာပူ မြေအောက်ရထား ပြုပြင်ထိန်းသိမ်းရေး လုပ်သားနှစ်ဦးသည် လုပ်ငန်းခွင်လေ့ကျင့်သင်တန်းပေးနေစဉ်အတွင်း ရထားတစ်စင်းက ဝင်တိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်ဟု ရထားအော်ပရေတာက ပြောသည်။

ခရီးသည်များ လမ်းကြောင်းပေါ်သို့ ကျသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ပြီးနောက် အန္တရာယ်ကင်းရှင်းရေး အစီအမံများစွာ တပ်ဆင်ပြီးနောက် ယခုဖြစ်ရပ်ပေါ်လာခြင်းဖြစ်သည်။ သေဆုံးခဲ့သည့် အသက် ၂၆နှစ်အရွယ်ရှိ နာစရူဟူဒင်နှင့် အသက် ၂၄ နှစ်အရွယ် မူဟမ္မက်အေဆီရတ်အာမက်ဘူဟာရီတို့သည် အချက်ပြစနစ်မှ အန္တရာယ်အချက်ပြကိရိယာတစ်ခုကို စုံစမ်းစစ်ဆေးရန် စေလွှတ်လိုက်သည့် အဖွဲ့မှဖြစ်သည်ဟု အော်ပရေတာ SMRT Corp က ပြောသည်။

သေဆုံးခဲ့သူအမျိုးသားများသည် ဇန်နဝါရီလက SMRT သို့ဝင်ရောက်လာသူများဖြစ်ပြီး မတော်တဆမှုဖြစ်စဉ်က မြေသားအထက်လမ်းကြောင်းတစ်ခုဘေး ရှေ့နောက်တစ်ယောက်စီတန်းလျက် လျှောက်နေခဲ့သော ငါးဦးပါအဖွဲ့တွင် ပါဝင်ခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဆေးဝန်ထမ်းများက ကြေညာခဲ့သည်။ အဓိက အရှေ့အနောက်ရထားလမ်း၏ အပိုင်းတစ်ခုတွင် ရထားဝန်ဆောင်မှု နှစ်နာရီကြာပြတ်တောက်ခဲ့သည်။

ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ နိုင်ငံတော်နှင့် ဆက်စပ်နေသော SMRT Corp သည် မကြာခဏပျက်ခြင်း၊ အလျင်ပြတ်ခြင်းတို့ကြောင့် မကြာသေးခင်နှစ်များအတွင်း ဝေဖန်ခံနေရသည်။

လွန်ခဲ့သည့်နှစ်က အရှေ့အနောက်၊ တောင်မြောက် ရထားလမ်းများတွင် ချောမွေ့စွာသွားလာနိုင်ခြင်းမရှိအောင် ချွတ်ယွင်းခဲ့သဖြင့် ၎င်းရထားအော်ပရေတာသည် စင်ကာပူဒေါ်လာ ၅ဒသမ၄သန်း ဒဏ်ရိုက်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required