မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရိုနီနှစ်ဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု ထပ်မံပြုလုပ်

မြန်မာစစ်တပ်ထံ လေယာဉ်ဆီထောက်ပံ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရိုနီနှစ်ဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူမှု ထပ်မံပြုလုပ်

မြန်မာစစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်၊ သူ့ရဲ့ ဇနီးနဲ့ သူပိုင်ဆိုင်တဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်အစိုးရက  ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တယ်လို့  နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က မတ်လ  ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာစစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက် လေယာဉ်လောင်စာဆီ အဝယ်တော်တွေနဲ့ စစ်တပ်ခရိုနီတွေကို အမေရိကန်ပြည်ထောင်စုက ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ ရေးယူတဲ့အနေနဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို  အရေးယူလိုက်တာလို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအပေါ် ဖိအားပေးမှုတိုးမြှင့်ဖို့ အမေရိကန်နိုင်ငံက ကြိုးပမ်းနေပါတယ်။

အာဏာရှင်အဖွဲ့အစည်းဟာ မြန်မာပြည်သူတွေကို နာကျင်မှုနဲ့ အတိဒုက္ခတွေသာ ဆက်လက်ပေးနေကြောင်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly