စင်ပေါ်တွင် မိန်းကလေး ပရိတ်သတ်တစ်ဦး၏ အကျႌအပေါ်ပိုင်းကို ဆွဲချလိုက်သည့် မက်ဒေါနား

စင်ပေါ်တွင် မိန်းကလေး ပရိတ်သတ်တစ်ဦး၏ အကျႌအပေါ်ပိုင်းကို ဆွဲချလိုက်သည့် မက်ဒေါနား

မဲလ်ဘုန်း၊ မတ် ၁၉ ။           ။ ကမ္ဘာကျော်အဆိုတော် မက်ဒေါနားသည် သြစတျေးလျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် ပြုလုပ်သော  Rebel Heart  ကမ္ဘာလှည့်ဖျော်ဖြေပွဲတွင် စင်ပေါ်သို့ မိန်းကလေး ပရိတ်သတ်တစ်ဦးကို ဖိတ်ခေါ်ခဲ့ပြီး ယင်းမိန်းကလေး၏ အင်္ကျီအပေါ်ပိုင်းကို ဆွဲချကာ မိန်းကလေးငယ်၏ ရင်သားကို လှစ်ဟ ပြသခဲ့သည်။

မက်ဒေါနားသည် အသက် ၁၇ နှစ်အရွယ် Josephine Georgiou ၏ အင်္ကျီကို ဆွဲချကာ  သူမ၏ ရင်းသားကို လှစ်ဟပြသခဲ့မှုအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစွဲချက်ကို ရင်ဆိုင်နိုင်ရ ဖွယ် ရှိသည်။

ယင်းဖြစ်ရပ်သည် မတ် ၁၇ ရက်ညနေပိုင်းက ဘရစ္စဘန်း ဖျော်ဖြေရေးစင်တာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် မက်ဒေါနားသည် Josephine ၏ အင်္ကျီအပေါ်ပိုင်းကို ဆွဲချခဲ့ပြီး သူမ၏ ရင်သားတစ်ဖက်ကို ပြသခဲ့သည့်ပုံကို ပရိတ်သတ်တစ်ဦးက ဗီဒီယို ရိုက်ယူနိုင်ခဲ့သည်။

“မက်ဒေါနားဟာ မိန်းကလေးငယ်ရဲ့ အင်္ကျီအပိုင်းကို ဆွဲချလိုက်တဲ့အခါ ပရိတ်သတ်တွေက အလွန် အံ့အားသင့်ခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် ကျွန်မ တောင်းပန်ပါတယ်။ ရှင်လည်း ကျွန်မကို ဒီလိုမျိုး လုပ်နိုင်ပါတယ်။ ကံကောင်းပါစေ” ဟု မက်ဒေါနားက ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်မှာ ထိခိုက်နာကျင်မှု မရှိခဲ့ပါဘူ။ ကျွန်မ တရားစွဲဖို့ ဆန္ဒမရှိပါဘူး” ဟု Josephine က ပြောကြားခဲ့သည်။ သြစတြေးလျရှေ့နေများက ယင်းလုပ်ရပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required