ပက်ခ်မင်ဂျီနှင့် ယွန်ဆောင်ဟွန်းတို့ တွဲနေကြပြီ

ပက်ခ်မင်ဂျီနှင့် ယွန်ဆောင်ဟွန်းတို့ တွဲနေကြပြီ

ဆိုးလ်၊ မတ် ၁၉ ။            ။ မကြာသေးမီက ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Chees in the Trap” တွင် ပါဝင်သရုပ် ဆောင်ခဲ့သော မင်းသမီး ပက်ခ်မင်ဂျီနှင့် မင်းသား ယွန်ဆောင်ဟွန်းတို့ တွဲနေသည်မှာ တစ်နှစ်ရှိပြီဖြစ် ကြောင်း ပြည်တွင်းသတင်းဌာနက မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပြည်တွင်းသတင်းဌာနက သတင်းထုတ်ပြန်ပြီးနောက် ပက်ခ်နှင့် ယွန်တို့ တွဲနေသည်ဟူသော သတင်းကို ၎င်းတို့၏ အေဂျင်စီများက အတည်ပြု ပြောကြားခဲ့သည်။

ပက်ခ်သည် ၂၀၀၅ ခုနှစ် “Jenny, Juno” ရုပ်ရှင်ကားတွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ ကြောင်းနှင့် “ Cheese in the Trap” ဇာတ်ကားဖြင့် မကြာသေးမီက ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။ ယွန်သည် Thoronapple သုံးယောက်တွဲ အဆိုတော်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required