အယ်လ်နာဆာ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

အယ်လ်နာဆာ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို
Photos: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က ဆော်ဒီပရိုလိဂ်မှာ အယ်လ်အီတီဖက်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အယ်လ်နာဆာအသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲကို စတင်ကစားခဲ့ပါတယ်။

သူဟာ ဒီပွဲမှာ အယ်နာဆာအတွက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားခဲ့ပြီး အသင်းပရိသတ်တွေရဲ့ ခမ်းနားတဲ့ ကြိုဆိုမှုတွေကိုလည်း ရရှိခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်ဖြင့် ကလပ်အသင်းကို ရောက်ရှိလာခဲ့ပြီး တစ်နှစ်လျှင် ပေါင် ၁၇၇ သန်းကျော် ရရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကစားသမား ကွင်းလယ်လူ တာလီစကာက အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဒီပွဲတစ်ပွဲလုံးကို သူ ကစားခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။

အယ်လ်နာဆာဟာ ဆော်ဒီလိဂ်မှာ ဒုတိယနေရာက အယ်လ်ဟီလာထက် တစ်မှတ်အသာဖြင့် ဇယားထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုကို ရီယာ့ဒ်မှာရှိတဲ့ King Saud University အားကစားကွင်းမှာ သူ့ရဲ့ချစ်ခင်နှစ်သက်တဲ့ ပရိသတ်တွေက banner တွေ ကိုင်ဆောင်ပြီး ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

ကြာသပတေးနေ့က ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ လီယွန် နယ်မက်ဆီရဲ့ ပီအက်စ်ဂျီကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ Riyadh All-Star XI အသင်းအတွက် နှစ်ဂိုးသွင်းပြီးနောက် ဒီပွဲကို ကစားလာခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required