ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆော်ဒီအာရေဗျ ကမ်းလှမ်းမှု ပံ့ပိုးပေးဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စာချုပ်ထဲ ပါဝင်တာကို အယ်လ်နာဆာ ငြင်းဆို

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆော်ဒီအာရေဗျ ကမ်းလှမ်းမှု ပံ့ပိုးပေးဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စာချုပ်ထဲ ပါဝင်တာကို အယ်လ်နာဆာ ငြင်းဆို
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကလပ်အသစ် အယ်လ်နာဆာက သူ့ရဲ့ စာချုပ်မှာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် ဆော်ဒီအာရေဗျ ကမ်းလှမ်းမှုကို ပံ့ပိုးပေးဖို့ ကတိကဝတ် တစ်စုံတစ်ရာ မပါဝင်ကြောင်း ပြောပါတယ်။

ရော်နယ်လ်ဒိုဟာ သူ့ရဲ့ တစ်နှစ်လစာ အမြင့်ဆုံး ပေါင် ၁၇၇ သန်းဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကမ်းလှမ်းမှုကို မြှင့်တင်ဖို့အတွက် ယူရိုသန်း ၂၀၀ (ပေါင် ၁၇၇ သန်း) ရရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

ဒါပေမယ့် ကလပ်က သူ့ရဲ့ စာချုပ်ဟာ "ကမ္ဘာ့ဖလား ကမ်းလှမ်းမှုတွေတွေအတွက် ကတိကဝတ်တွေ မပါဝင်ဘူး"လို့ ပြောပါတယ်။

"သူရဲ့အဓိကအာရုံစိုက်မှုက အယ်လ်နာဆာနဲ့ အသင်းဖော်တွေနဲ့ လက်တွဲပြီး အောင်မြင်မှုတွေ ရရှိအောင် ကူညီပေးဖို့ပါပဲ"လို့ သူတို့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ မန်ချက်ယူနိုက်တက်အသင်းကို ဝေဖန်ခဲ့တဲ့ အငြင်းပွားဖွယ် အင်တာဗျူးတစ်ခုအပြီးမှာ ကလပ်အသင်းကနေ ထွက်ခွာပြီးနောက် သူဟာ ပြီးခဲ့တဲ့ လက ဆော်ဒီအခြေစိုက်ကလပ်အသင်းကို အလွတ်အေးဂျင့်အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

သူဟာ သူ့ရဲ့ အယ်လ်နာဆာနဲ့  ပွဲဦးထွက်ကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ အယ်တီဖာခ်နဲ့ ပွဲမှာ ကစားမှာဖြစ်ပြီး ဒီမတိုင်ခင် လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲမှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံဟာ ဂရိ၊ အီဂျစ်တို့နဲ့အတူ ၂၀၃၀ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ ပူးတွဲကမ်းလှမ်းမှု စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required