ဇီနဒင် ဇီဒန်းနဲ့ ပတ်သက်ပြီး မှတ်ချက်တွေကြောင့် FFF ဥက္ကဋ္ဌ နိုအဲလီဂရက် ရာထူးကနေ နုတ်ထွက်ဖို့ တိုက်တွန်းခံရ

ဇီနဒင် ဇီဒန်းနဲ့ ပတ်သက်ပြီး မှတ်ချက်တွေကြောင့် FFF ဥက္ကဋ္ဌ နိုအဲလီဂရက် ရာထူးကနေ နုတ်ထွက်ဖို့ တိုက်တွန်းခံရ

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နိုအဲလီဂရက်ဒ်ကို ဇီနဒင် ဇီဒန်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ မှတ်ချက်တွေကြောင့် ရာထူးကနေ နုတ်ထွက်ဖို့ အဖွဲ့ရဲ့ ကျင့်ဝတ်ဆိုင်ရာ ကော်မတီအကြီးအကဲက ပြောဆိုခဲ့ပါတယ်။

လီဂရက်ဟာ နိုင်ငံလက်ရွေးစင်အသင်းနည်းပြရာထူးနဲ့ ပတ်သက်လို့ ဇီဒန်းတစ်ယောက် ဖုန်းဆက်လာခဲ့မယ်ဆိုရင် သူ ဖုန်းတောင် ကိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခြင်းကြောင့် ဝေဖန်ခံခဲ့ရတာပါ။

သူဟာ "ရိုင်းပြသလို"ဖြစ်တဲ့ သူ့ရဲ့ မှတ်ချက်တွေအတွက် နောက်ပိုင်းမှာ တောင်းပန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ရဲ့ ကျင့်ဝတ်ဆိုင်ရာ ကော်မတီအကြီးအကဲ ပက်ထရစ် အန်တန်က အသက် ၈၁ နှစ်အရွယ် လီဂရက်ဒ်ဟာ နုတ်ထွက်ဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

 "လီဂရက်ဒ်ဟာ သူ့ရဲ့ ထုတ်ဖော်ပြောဆိုတာမှာ ကြည်လင်ပြတ်သားမှုတချို့ကို ပြောက်ဆုံးနေခဲ့ကြောင်း ပြသခဲ့တဲ့ မှတ်ချက်တွေပေးခဲ့တာပါ။ သူဟာ မောပန်းနွမ်းနယ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တဲ့ လူတစ်ဦးဖြစ်ပါတယ်။"

ဇီဒန်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားကို ကစားသမားတစ်ဦးအနေနဲ့ ကိုင်မြှောက်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ်နဲ့လည်း ဆုဖလားများစွာ ရယူပေးခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို ပင်နယ်တီဖြင့် ရှုံးနိမ့်ပြီးနောက် ဇီဒန်းဟာ အသင်းနည်းပြအဖြစ် ဒက်စ်ချမ့်နေရာမှာ ဆက်ခံဖို့ သတင်းပေးခံခဲ့ရပေမယ့်လည်း စနေနေ့မှာ ဒက်စ်ချမ့်ဟာ သူ့ရဲ့စာချုပ်ကို ၂၀၂၆ အထိ သက်တမ်းတိုးခဲ့ပါတယ်။

ဇီဒန်းနဲ့ ပတ်သက်လို့ လီဂရက်ဒ်ရဲ့ မှတ်ချက်တွေကို ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့ ဂိုးသမား ဟူဂို လိုရစ်တို့က "လေးစားမှုမရှိဘူး"လို့ ရှုတ်ချခဲ့သလို ရီးယဲလ်မက်ဒရစ်ကလည်း သူ့ကို ဝေဖန်ခဲ့ပါတယ်။

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required