တရုတ်ကုမ္ပဏီတစ်ခုက ပါကစ္စတန်ရောက် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်နေ

တရုတ်ကုမ္ပဏီတစ်ခုက ပါကစ္စတန်ရောက် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်နေ

တရုတ်ကုမ္ပဏီတစ်ခုက ၎င်းတို့၏ ဝန်ထမ်းများ လက်နက်ကိုင်များ၏ခြိမ်းခြောက်မှုကို ခံနေရသောကြောင့် ပါကစ္စတန် ဆင်းဒ်ပြည်နယ်အစိုးရထံသို့ စာရေးသားတိုင်ကြားကာ လုံခြုံရေးအကူအညီတောင်းခံထားသည်ဟု IntekhabDaily ပါကစ္စတန်မီဒီယာတွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီသည် မလီယာမြို့တွင်ဓာတ်အားဖြန့်ဖြူးရေးစခန်းများနှင့် ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင် နေခြင်းဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များက တရုတ်ကုမ္ပဏီနှင့် ကန်ထရိုက်တာများထံမှ ငွေများတောင်းခံကာ ဆိုးရွားသော အကျိုးဆက်များခံစားရမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း ကုမ္ပဏီက တိုင်တန်းထားပြီး ယုံကြည်အားထားရသော လုံခြုံရေးအဖွဲ့ကို တောင်းခံထားသည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)တွင် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ပါကစ္စတန်နှင့် တရုတ်တို့က တရုတ်အလုပ်သမားများ အပြင်ထွက်သွားလာမှုများအတွက် ကျည်ကာယာဉ်များအသုံးပြုရန် အစောပိုင်းက သဘောတူထားကြသည်။

“စီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ပြင်ပမှာသွားလာဖို့အတွက် ကျည်ကာယာဉ်တွေကို အသုံးပြုသင့်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု CPEC၏ ၁၁ ကြိမ်မြောက် ပူးတွဲဆောင်ရွက်ရ ေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်သမားများက တောင်ပိုင်း ဝါဇီရစ္စတန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သလို ဝါနာနှင့် ဘာဂီချာစစ်ဆေးရေးဂိတ်ကိုလည်း အကြမ်းဖက်သမား ၅၀ ထက်မနည်းက တိုက်ခိုက်ခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ပြောသည်။

ခိုင်ဘာပက်ခ်တွန်ဝါပြည်နယ်တွင် ဩဂုတ်လအလယ်ပိုင်းမှ နိုဝင်ဘာလနောက်ဆုံးပတ်အထိ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၁၈ ခု ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ခိုင်ဘာပက်ခ်တွန်ဝါပြည်နယ်တစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ရဲ ၂၆ ဦး၊ တခြားဥပဒေ စိုးမိုးရအေဂျင်စီများမှ လူ ၁၂ ဦးနှင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly