ဆော်ဒီကလပ်နဲ့ ၇ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရော်နယ်လ်ဒို အသင့်ရှိနေ

ဆော်ဒီကလပ်နဲ့ ၇ နှစ် စာချုပ်ချုပ်ဆိုသွားဖို့ ရော်နယ်လ်ဒို အသင့်ရှိနေ
Photo: EPA

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးကတည်းက ကလပ်အသင်းလက်မဲ့နေခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ ခုနစ်နှစ် သက်တမ်းရှိ သဘောတူညီမှု စာချုပ်ချုပ်ဆိုဖို့ ကတိပြုထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Goal.com ရဲ့ အဆိုအရတော့ အသင်းက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ နှစ်နှစ်သဘောတူညီမှု ရရှိခဲ့တယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကနဦးသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် Marca ရဲ့ ဖော်ပြချက်အရ အဆိုပါ သဘောတူညီချက်ဟာ ၂၀၃၀ ခုနှစ်အထိ ရှိနေတယ်လို့ ဆိုပါတယ်။ ရော်နယ်လ်ဒိုဟာ ၂၀၂၄ ခုနှစ်မှာ ကလပ်အသင်းမှာ ကစားနေတဲ့ ကစားသမားဘဝကို ကုန်ဆုံးပြီးနောက် အယ်လ်နာဆာမှာ သံတမန်အဖြစ် တာဝန်ယူသွားမယ်လို့ စပိန်သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ က အခါအားလျော်စွာ မြင့်တက်လာမှာလည်းဖြစ်ပါတယ်။

Marca က အယ်လ်နာဆာ သံတမန်အဖြစ် "ရော်နယ်လ်ဒိုဟာ ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် အီဂျစ်နှင့် ဂရိတို့နဲ့အတူ ဆော်ဒီအာရေးဗီးယားနိုင်ငံကို ပူးတွဲလက်ခံကျင်းပခွင့်ရဖို့ ကူညီပေးရင်း အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါလိမ့်မယ်"လို့လည်း ဖော်ပြခဲ့ပါတယ်။

"အယ်လ်နာဆာဟာ CR7 ကို စာချုပ်ပြီးရင် ဘဏ္ဍာရေးထိန်းချုပ်မှုကို မချိုးဖျက်ကြောင်း သေချာစေဖို့ ကူညီမယ့် ကစားသမား ၃ ဦးအထိ လက်လွတ်ပါလိမ့်မယ်။ မာရှာရီဗိုနဲ့ ပီတီ မာတီနက်ဇ်တို့ဟာ ထွက်ခွာရဖို့ရှိတဲ့ နှစ်ဦးပါ"လို့ Marca က ဆိုပါတယ်။

(Agencies)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required