ဒက်စ်ချမ့်ကို ဆက်နေစေချင်တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ

ဒက်စ်ချမ့်ကို ဆက်နေစေချင်တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ
Photo: EPA

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ နိုအဲလီဂရက်က သူဟာ အခုနှစ်ကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်နည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကို ရာထူးမှာ ဆက်ရှိနေစေလိုတယ်လို့ ကြာသပတေးနေ့မှာ ထုတ်ဝေတဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဒက်စ်ချမ့်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ကမ္ဘာ့ဖလားဆွတ်ခူးအောင် ပြင်သစ်ကို ဦးဆောင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့က ဗိုလ်လုပွဲမှာတော့ အသင်းက အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပြင်သစ်တို့ ပထမဆုံး ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ၁၉၉၈ က အသင်းခေါင်းဆောင် ဒက်စ်ချမ့်ဟာ လာမယ့်အပတ်မှာ သူ့ရဲ့ စာချုပ်သက်တမ်းကို ယူရို ၂၀၂၄ အထိ သက်တမ်းတိုး ဆွေးနွေးဖို့အတွက် အနောက်မြောက်ဘက်ရှိ ဂင်းဂန်မြို့မှာ နိုအဲလီဂရက်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

"ကျနော့်အမြင်အရတော့ ကျနော်တို့ ဂင်းဂန်မှာ စာချုပ်ကို ဆွေးနွေးမယ်"လို့ လီဂရက်က Ouest-France သတင်းစာကို ပြောပါတယ်။

"သူ မနေချင်ဘူးဆိုရင်တော့ အချိန်တိုပါလိမ့်မယ်။ ဆက်နေချင်ရင်တော့ နည်းနည်းကြာအောင် ဆွေးနွေးကြရမယ်။

"ဒီဒီယာက သူ့အလုပ်ကို ကောင်းကောင်းလုပ်ခဲ့ပြီးပြီ၊ ကျတို့ သဘောတူညီမှုရလိမ့်မယ်လို့ ကျနော် ထင်တယ်"လို့ သူက ထပ်ပြောပါတယ်။

ပြင်သစ်အသင်းရဲ့ လာမယ့်ပွဲစဉ်ဟာ မတ် ၂၄ ရက်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly