တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် Foxconn ကုမ္ပဏီ အခက်အခဲ ဆက်လက်ကြုံတွေ့နေ

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် Foxconn ကုမ္ပဏီ အခက်အခဲ ဆက်လက်ကြုံတွေ့နေ

Apple အား အဓိကပစ္စည်းပေးသွင်းနေသူ Foxconn ၏ တရုတ်နိုင်ငံ အလယ်ပိုင်း ဟိုင်နန်ပြည်နယ်၊ ကျန်ကျိုးမြို့ရှိ ကမ္ဘာအကြီးဆုံး iPhone စက်ရုံ တွင် ပြီးခဲ့သည့် ၂ လ အတွင်း ဆူပူဆန္ဒပြမှုများနှင့် ရင်ဆိုင် နေရကြောင်း Portal Plus က ဖော်ပြလိုက်သည်။

အစောပိုင်းတွင်အလုပ်သမား ၂သိန်းကျော်ခန့်ရှိသည့်Foxconn ၏ ကျန်ကျိုးစက်ရုံသည် နိုဝင်ဘာလကတည်းက အလုပ်သမားများ၏ ဆူပူဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရသည်။

ယင်းမငြိမ်သက်မှုများသည်တရုတ်အစိုးရ၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့်ဖြစ်ပြီး တရုတ်တွင် ကိုဗစ်ဖြစ်ပွားမှုများ မြင့်တက်လာချိန်၌ စက်ရုံစီမံခန့်ခွဲမှုအဖွဲ့က ပြင်းထန်သောစည်းမျဉ်းများ ချမှတ်ခဲ့သဖြင့် အလုပ်သမားအများစုစက်ရုံမှထွက်ခွာကြသဖြင့်အောက်တိုဘာလတွင်စက်ရုံကအလုပ်သမားများကိုဖိအားပေးစေခိုင်းခဲ့ကြောင်းPortal Plus မှဖော်ပြခဲ့သည်။

အလုပ်သမားသစ်များကိုခေါ်ယူချိန်တွင်ပေးထားသည့်ကတိများနှင့်ကွဲလွဲမှုများကြောင့်ဆန္ဒပြခဲ့ကြသည်။စက်ရုံ တွင် အလုပ်လျှောက်လွှာအသစ် တစ်သိန်းကျော်ရရှိခဲ့သည်။

အသစ်ခန့်ထားသောဝန်ထမ်းများအားလုပ်ရက်၃၀ပြည့်ပါက ဆုကြေးအဖြစ် ယွမ်ငွေ၃၀ဝ၀နှင့် ရက်၆၀ပြည့်ပါကနောက်ထပ်ယွမ်ငွေ၃၀ဝ၀ပေးမည်ဟုကတိပြုထားသည်။

ဆုကြေးများက ိုနောက်ပိုင်းမှသာထုတ်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါကတိများမှာလည်း ဆွဲဆောင်သည့်အနေဖြင့် ပေးခြင်းသာဖြစ်ကြောင်း လုပ်ငန်းခွင်ဝင်ပြီးနောက်မှ အလုပ်သမားများက သိရှိခဲ့သည်ဟု Portal Plus ကဖော်ပြခဲ့သည်။

အလုပ်သမားအသစ်များသည်စီမံခန့်ခွဲမှုအဖွဲ့အား ချက်ချင်းဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

အကြမ်းဖက်ဆန္ဒပြမှုများကြောင့်Foxconnကအလုပ်သမားများအားလစာ၂လစာ (ဒေါ်လာ၁၄၀ဝ) ပေးကာအလုပ်မှထုတ်ပစ်ခဲ့သည်။ တရုတ်၏မှားယွင်းသောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကFoxconn၏မငြိမ်မသက်မှုနောက်ကွယ်မှအဓိက အကြောင်းရင်းဖြစ်ပုံရသည်။

ဗိုင်းရပ်စ်ကိုထိန်းချုပ်ရန်ပြည်နယ်အစိုးရ၏စွမ်းဆောင်ရည်အားနည်းခြင်းနှင့်နောက်ဆက်တွဲအကျပ်အတည်းများကယင်းအခြေအနေသို့ဦးတည်သွားစေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required