ပါကစ္စတန်၏ ဂီဂစ်ဘောလ်တီစတန်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆောက်ပေးထားသည့် အိမ်များ ဖြိုဖျက်ခံရမှုကြောင့် ဒေသခံများ ဆန္ဒပြ

By Devdiscourse
17 December 2022
ပါကစ္စတန်၏ ဂီဂစ်ဘောလ်တီစတန်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆောက်ပေးထားသည့် အိမ်များ ဖြိုဖျက်ခံရမှုကြောင့် ဒေသခံများ ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဂီဂစ်ဘောလ်တီစတန်ဒေသတွင် ရေဘေးသင့်ဧရိယာများရှိ ပြည်သူတို့အတွက် ရည်ရွယ် ဆောက်လုပ်ထားသည့် ရေဘေးပြန်လည်ထူထောင်ရေး အိမ်များ ဖြိုဖျက်ခံရမှုအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်လျက် ရှိသည်။

ဒေသ NGO (အစိုးရမဟုတ်သောအဖွဲ့) များဖြစ်ကြသည့် ဆာဟာရ လူမှုဘဝဖူလုံရေးအသင်းနှင့် နာဂါး လူမှုဘဝဖူလုံရေးအသင်းတို့သည် ဂျူတီယယ် ဂါဟ် စမ်းချောင်းအနီးတွင် ရေဘေးပြန်လည်ထူထောင်ရေး အိမ်များကို ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်တိုင်းရင်းမီဒီယာက ဖော်ပြသည်။

အစိုးရအာဏာပိုင်တို့သည် မိမိတို့အပေါ် ဖိနှိပ်ချုပ်ချယ်လျက် ရှိပြီး မိမိတို့၏ အကျိုးတရားများကို လျစ်လျူရှုထားကြောင်း နာဂါး ခရိုင်မှ ဒေသခံများက စွပ်စွဲသည်။

ပန်ချာပီအများစု ပါဝင်သည့် ဗျူရိုကရက် အရာရှိများသည် မိမိတို့ကို ဒုတိယတန်းစား နိုင်ငံသားများအဖြစ် သဘောထားဆက်ဆံနေသည်ဟု ဒေသခံတို့က ပြောသည်။

အဆိုပါ ဗျူရိုကရက် အရာရှိများသည် ဒေသခံများ၏ လူမှုဘဝဖူလုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ဖျက်ဆီးနေသလို မြေသိမ်းယူမှုများ လုပ်ဆောင်ကာ မြေယာရာဇဝတ်ဂိုဏ်းများနှင့် နိုင်ငံစုံအခြေစိုက် ကုမ္ပဏီများထံ ပြန်လည်ရောင်းချမှုများ ရှိနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly