အင်္ဂလန်တိုက်စစ်မှူး မားကပ် ရပ်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ တွဲကစားရတာက "မယုံနိုင်စရာ အတွေ့အကြုံ"တစ်ခုဖြစ်ခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး သူ့ကို သူ့ရဲ့အိုင်ဒေါတစ်ယောက်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကလပ်အသင်းက ကစားသမားနဲ့ ချက်ချင်း စာချုပ်ဖျက်သိမ်းဖို့ နှစ်ဖက် သဘောတူညီမှုတစ်ရပ် ရရှိခဲ့တယ်လို့ ပြောကြားပြီးချိန်မှာ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပါတယ်။
ဘလွန်းဒီအောင် ၅ ကြိမ်ဆုရှင်ဟာ တီဗီအင်တာဗျူးတစ်ခုမှာ ယူနိုက်တက်မန်နေဂျာ အဲရစ်တန်ဟက်ဂ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ကလပ်အသင်းက သူ့ကို သစ္စာဖောက်တယ်လို့ စွပ်စွဲခဲ့ပြီးနောက် လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ရော်နယ်လ်ဒိုရဲ့ ပထမအကြိမ် ယူနိုက်တက်မှာရှိတုန်းက ကလပ်ရဲ့ အကယ်ဒမီအတွက် စာချုပ်ခဲ့ပြီး အသက် ၃၇ နှစ်အရွယ်ကစားသမားရဲ့ ဒုတိယအကြိမ် အသင်းကို ပြန်ရောက်ရှိချိန်မှာ ပေါ်တူဂီလက်ရွေးစင်ကစားသမားနဲ့အတူ ကစားခဲ့ပါတယ်။
"နားထောင်ပါ၊ သူနဲ့ကစားရတာက မယုံနိုင်စရာ အတွေ့အကြုံတစ်ခုဖြစ်ခဲ့တာပါပဲ"လို့ ရပ်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားအခြေစိုက်ရာ ဒိုဟာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“သူဟာ ကျနော့်ရဲ့ အိုင်ဒေါတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ သိသာပါတယ်။ ကျနော်အမြဲတမ်း စောင့်ကြည့်နေရတဲ့ တစ်ယောက်ဖြစ်တယ်”လို့ သူက ဆိုပါတယ်။
“ဒါကြောင့် သူနဲ့ ကစားခွင့်ရတာက မယုံနိုင်စရာပါပဲ၊ ဒါကို ကျနော်နဲ့အတူ သိမ်းထားလိုက်ပါမယ်၊ ဒါက ကျနော်နဲ့ ထာဝရ သိမ်းထိန်းထားနိုင်တဲ့ အရာပါ။
- “ယူနိုက်တက်ဟာ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တယ်။ ကျွန်တော့်အပေါ် လေးစားမှုလည်း မရှိဘူး” ဟု ဖွင့်ဟပေါက်ကွဲခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ အင်တာဗျူး
- သစ္စာဖောက်ခံရတယ်လို့ ရော်နယ်လ်ဒို ပြောဆိုမှုကို ယူနိုက်တက်တို့ 'တုံ့ပြန်ဖို့ စဉ်းစားနေ'
- ရော်နယ်လ်ဒိုရဲ့ မှတ်ချက်တွေ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် 'သင့်လျော်သော ခြေလှမ်းတွေ'ကို ယူနိုက်တက် လုပ်ဆောင်သွားမည်
"ဒါကြောင့် ကျနော် သူ့ကို အကောင်းဆုံး ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် သူ လုပ်ပေးခဲ့ တဲ့ အရာတွေအတွက် သူ့ကို ကျနော်တို့ ကျေးဇူးတင်ပြီး ကျန်ရှိတဲ့ ကစားသမား ဘဝတစ်လျှောက် အကောင်းဆုံးဖြစ်ပါစေလို့ သူ့ကို ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ရော်နယ်လ်ဒိုက သူ့ရဲ့ နောက်လာမယ့် ကလပ်အသင်းကို မကြေညာသေးပါဘူး။
(AFP)