ရုပ်ရှင်ပြသရေး လုပ်ငန်း မလုပ်ကိုင်သည့် ရုပ်ရှင်ရုံ ၅ရုံအား တရားမကြီး ဖြင့် အမှုဖွင့်

ရုပ်ရှင်ပြသရေး လုပ်ငန်း မလုပ်ကိုင်သည့် ရုပ်ရှင်ရုံ ၅ရုံအား တရားမကြီး ဖြင့် အမှုဖွင့်

ရန်ကုန် ၊ မတ် ၅ ။             ။ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ (ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ရောင်းချ ခဲ့သော ရုပ်ရှင်ရုံများ လွှဲပြောင်းစဉ်က မူလ စာချုပ်ပါ စည်းကမ်းချက်များ အရ ရုပ်ရှင် ပြသရေး လုပ်ငန်း ဆောင်ရွက်မှု မရှိသည့် ရုပ်ရှင်ရုံ ၅ရုံကို လက်ရှိတွင် တရားမကြီး ဖြင့် အမှုဖွင့် ထားကြောင်း ရုပ်ရှင် မြှင့်တင်ရေးဌာန ခွဲ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ (ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ရောင်းချ ခဲ့သော ရုပ်ရှင်ရုံများ လွှဲပြောင်းစဉ်က မူလ စာချုပ်ပါ စည်းကမ်းချက်များ အရ ရုပ်ရှင် ပြသရေး လုပ်ငန်း ဆောင်ရွက်မှု မရှိခြင်း ၊ ခွင့်ပြုချက် ရယူမှု မရှိပဲ အခြား လုပ်ငန်း ဆောင်ရွက် နေကြသော ရုပ်ရှင်ရုံ များအား စာချုပ် ဖောက်ဖျက်မှုနှင့် လုပ်ထုံးလုပ်နည်း နှင့်အညီ   ဆောင်ရွက် နေခြင်းအား သိရှိ ပါရန် အသိပေး အကြောင်းကြား လိုက်သည်။

ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ (ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ရောင်းချ ခဲ့သော ရုပ်ရှင်ရုံများ အနက် လွှဲပြောင်းစဉ်က မူလ စာချုပ်ပါ စည်းကမ်းချက်များ အရ ဆောင်ရွက်ခြင်း မရှိသော ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်ရှိ မြနန်းသိဂီၤရုံအား (၂၀.၁.၂၀၁၆)ရက် တွင် လည်းကောင်း ၊ ခွင့်ပြုချက် မရှိပဲ အခြား လုပ်ငန်း လုပ်ကိုင် နေကြသော   အောက်ဖော်ပြပါ ရုပ်ရှင်ရုံ ၅ရုံအား စာချုပ်ပါ စည်းကမ်း ဖောက်ဖျက် မှုဖြင့် ခရိုင်ဥပဒေ ရုံးများသို့ ၎င်းတို့နှင့် ယှဉ်တွဲပါ နေ့ရက်များ အလိုက် လုပ်ထုံးလုပ်နည်း နှင့်အ ညီ တရားမကြီး အမှု ဖွင့်လှစ်ရန် စတင် ဆောင်ရွက် နေပြီ ဖြစ်သည်။

ထို ရုပ်ရှင်ရုံ ၅ရုံမှာ ဦးငွေဝင်း တာဝန် ယူထားသည့် မြနန်းသိဂီၤ ရုပ်ရှင်ရုံ ရန်ကုန်မြို့ တရားမကြီး အမှု ဖွင့်လှစ် ရန် ဆောင်ရွက်ခဲ့သည့် ရက်စွဲမှာ ဇန်နဝါရီ ၂၀ရက် ဖြစ်ပြီး ဦးသိန်းဝင်း တာဝန် ယူထားသည့် မြို့မရုပ်ရှင်ရုံ ကောလင်းမြို့ကို တရားမကြီး အမှု ဖွင့်လှစ် ရန် ဆောင်ရွက်ခဲ့သည့် ရက်စွဲမှာ ဖေဖော်ဝါရီ ၂၅ရက် ၊ ဦးမျိုးမြင့် တာဝန် ယူထားသည့် ကြယ်တာရာ ရုပ်ရှင်ရုံ သထုံမြို့ ကို တရားမကြီး အမှု ဖွင့်လှစ် ရန် ဆောင်ရွက်ခဲ့သည့် ရက်စွဲမှာ ဖေဖော်ဝါရီ ၂၅ရက် ၊ ဦးမျိုးဝင်း တာဝန် ယူထားသည့် စံပြရုပ်ရှင်ရုံ မြောင်းမြမြို့ ကို တရားမကြီး အမှု ဖွင့်လှစ် ရန် ဆောင်ရွက်ခဲ့သည့် ရက်စွဲမှာ ဖေဖော်ဝါရီ ၂၅ရက် ၊ ဦးအောင်ဝင်းခိုင် တာဝန် ယူထားသည့် စိန်မေတ္တာ ရုပ်ရှင်ရုံ သီပေါမြို့ ကို တရားမကြီး အမှု ဖွင့်လှစ် ရန် ဆောင်ရွက်ခဲ့သည့် ရက်စွဲမှာ ဖေဖော်ဝါရီ ၂၅ရက် ၊ ဦးစိုင်းတစ်အောင် တာဝန် ယူထားသည့် ခေမရဋ် ရုပ်ရှင်ရုံ ကျိုင်းတုံမြို့ ကို တရားမကြီး အမှု ဖွင့်လှစ် ရန် ဆောင်ရွက်ခဲ့သည့် ရက်စွဲမှာ ဖေဖော်ဝါရီ ၂၅ရက် တို့ပဲ ဖြစ်သည်။

ထို ရုပ်ရှင်ရုံ ၅ရုံ အပြင် ပုဂ္ဂိက သို့ လွှဲပြောင်း ရောင်းချပြီး မူလ စာချုပ်ပါ အတိုင်း ဆောင်ရွက်မှု မရှိသော အလားတူ အခြား ရုပ်ရှင်ရုံများ စိစစ်၍ တရားစွဲဆိုရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။ ယခင် ကလည်း ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ (ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ရောင်းချ ခဲ့သည့် ရုပ်ရှင်ရုံများ လွှဲပြောင်းစဉ်က မူလ စာချုပ်ပါ စည်းကမ်းချက်များ အရ ရုပ်ရှင် ပြသရေး လုပ်ငန်း ပူးတွဲ ဆောင်ရွက်မှု မရှိပဲ ဘဏ်လုပ်ငန်း သီခြား လုပ်ကိုင် နေသဖြင့် ဝယ်ယူထားသည့် ရုပ်ရှင်ရုံ ပိုင်ရှင်များကို တည်ဆဲ တရားဥပဒေများ နှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဌာန မှ ကြေညာချက် ထုတ်ပြန် ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly