ပေါ်တူဂီအသင်းကို ပထမဆုံးကမ္ဘာ့ဖလားဆုဖလား ဆွတ်ခူးနိုင်ဖို့ ရော်နယ်လ်ဒို ဦးဆောင်မယ်

ပေါ်တူဂီအသင်းကို ပထမဆုံးကမ္ဘာ့ဖလားဆုဖလား ဆွတ်ခူးနိုင်ဖို့ ရော်နယ်လ်ဒို ဦးဆောင်မယ်
Photo: AFP

ဖာနန်ဒိုဆန်းတို့စ်ဟာ ကြာသပတေးနေ့က သူ့ရဲ့ ၂၆ ဦးလူစာရင်းမှာ ခရစ်တီယာနို ရော်နယ်လ်ဒိုကို ရွေးချယ်ခဲ့ပြီးနောက် ဝါရင့်တိုက်စစ်မှူးဟာ ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလားသို့ ဦးဆောင်မှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်ရှိ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ဒီနှစ်ရာသီမှာ သူ့ရဲ့ကလပ်အတွက် ပထမဦးစားပေး ရွေးချယ်မခံရပေမယ့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲမှာ ဆုဖလားရရှိဖို့ နိုင်ငံအတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်လာမှာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ နိုင်ငံတကာ အမျိုးသား လက်ရွေးစင်ဘောလုံးလောကမှာ ၁၁၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်က ဂျိုအာချင်ဖီးလစ်နဲ့ အေစီမီလန်က ရာဖေးလ်လီယိုတို့အပါအဝင် တိုက်စစ်မှာ ကူညီဖို့ လူငယ်အသင်းဖော်တွေ အများအပြားရှိနေပါတယ်။

"ကျနော် ခေါ်ထားတဲ့ ကစားသမားတွေအားလုံးက ပေါ်တူဂီအသင်း ကမ္ဘာ့ချန်ပီယံဖြစ်အောင် အနိုင်ယူဖို့ ဆာလောင်မှုနဲ့အတူ ရော်နယ်လ်ဒိုလည်း ပါဝင်ပါတယ်"လို့ ဆန်းတို့စ်က ပြောပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၀၆ က စလို့ သူ့နိုင်ငံအတွက် ပြိုင်ပွဲတိုင်းမှာ ပါဝင်ကစားခဲ့ပြီး သူ့ရဲ့ (၅) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက်မှာ ဖြစ်ပါတယ်။

ပြင်သစ်မှာ ကျင်းပတဲ့ ယူရို ၂၀၁၆ မှာ ပေါ်တူဂီကို အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြဟာပီအက်စ်ဂျီကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ကို အသင်းကနေ ချန်လှပ်ထားခဲ့ပြီး ဝုဗ်ကွင်းလယ်လူ မာတီယက်စ် နူးနပ်စ်ကို ခေါ်ယူခဲ့ပါတယ်။

"ဘယ်အရာက အရေးကြီးဆုံးလဲဆိုတော့ ကမ္ဘာ့ဖလားကို သွားမယ့် ကစားသမားတွေပါပဲ"လို့ ဆန်းတို့စ်က ပြောပါတယ်။

“ရွေးချယ်ခံရတဲ့ ၂၆ ဦးကတော့ တရားမျှတမှု ပြီးသွားပြီလို့ ယူဆကြပြီး မလိုက်ပါတဲ့သူတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။

ဆန်းတို့စ်က ကွင်းလယ်လူ အန်တိုနီယို ဆေးလ်ဗားနဲ့ အသက် ၃၉ နှစ်အရွယ် ဘင်ဖီကာ ဗဟိုခံစစ်မှူး ပီပီတို့ကို ခေါ်ယူခဲ့ပါတယ်။

ပေါ်တိုနောက်ခံလူဟာ ဒူးဆစ်ရိုးဒဏ်ရာကြောင့် အောက်တိုဘာ ၄ ရက်ကတည်းက မကစားရသေးပေမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်မယ့် ကာတာပြိုင်ပွဲအတွက် ကြံ့ခိုင်မှုရှိမှာ ဖြစ်ပါတယ်။

"ကျနော့်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကို မေးကြည့်တော့ ကြံ့ခိုင်မှုမရှိတဲ့ ကစားသမားတွေရှိလားပေါ့၊ အဖြေကတော့ မရှိဘူး"လို့ ပီပီ အကြောင်း မေးတဲ့အခါ ဆန်းတို့စ်က ဖြေခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဒီယိုဂိုဂျိုတာက ခြေသလုံးဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုက လွဲလို့ အခြားကစားသမားတွေထက် နိုင်ငံအသင်းအတွက် ပွဲ ၁၄၆ ပွဲကစားခဲ့တဲ့ အသက် ၃၆ နှစ်ရှိ ဝုဖ်ကွင်းလယ်ကစားသမား မော်တင်ဟိုနဲ့ သူ့အသင်းဖော် ဂွန်ကာလိုဂွိုက်ဒစ်လည်း ပါဝင်ခြင်းမရှိပါဘူး။

ပေါ်တူဂီအသင်းဟာ အုပ်စု H မှာနိုဝင်ဘာ ၂၈ ရက်မှာ ဥရုဂွေးနဲ့ ဒီဇင်ဘာ ၂ ရက်မှာ တောင်ကိုရီးယားတို့နဲ့ မရင်ဆိုင်ခင် နိုဝင်ဘာ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ အဖွင့်ပွဲစဉ်ကို ကစားရမှာ ဖြစ်ပါတယ်။

ဆန်းတို့စ်ဟာ ပထမဆုံးသော ဆောင်းရာသီကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် အချိန်ကို ဝေဖန်ပြောဆိုခဲ့ပေမယ့် အားကစားကွင်းအားလုံးနီးပါး နီးနီးနားနားရှိနေတာကြောင့် ပြိုင်ပွဲမှာ ခရီးသွားလာမှုနည်းပါးတဲ့အတွက် ပျော်ရွှင်ခဲ့ပါတယ်။

"ဆောင်းရာသီ ကမ္ဘာ့ဖလားက ကလပ်အသင်းတွေအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းပါဘူး" လို့ ဆန်းတို့စ်က ပြောပါတယ်။

“ခြွင်းချက်အနေနဲ့ကတော့ ခရီးသွားရတာကောင်းမွန်ပါတယ်။ ကျနော် ကမ္ဘာ့ဖလားပြိုင်ပွဲတော်တော်များများမှာ ပါဝင်ခဲ့ဖူးပြီး ပွဲတွေကြားထဲမှာ ခရီးသွားရတာ ခက်ခဲပါတယ်။

"ဒီကဏ္ဍမှာ အားသာချက်တစ်ခုရှိပါတယ်။ အားကစားကွင်းက ၂၅ မိနစ်ထက် ပိုမဝေးပါဘူး။ ကျနော်တို့ အရာအားလုံးကို သယ်ဆောင်ပြီး လမ်းလျှောက်နေစရာမလိုပါဘူး။ စိတ်ဓာတ်ကျမှာ မဟုတ်ပါဘူး၊ ပွဲပြီးတာနဲ့ ဟိုတယ်ကို ပြန်သွားရမှာပါ။"


လူစာရင်းအပြည့်အစုံ -

ဂိုးသမား- Diogo Costa (Porto), Rui Patricio (Roma/ITA), Jose Sa (Wolverhampton/ENG)

နောက်ခံလူ- Diogo Dalot (Manchester United/ENG), Joao Cancelo (Manchester City/ENG), Danilo Pereira (Paris Saint-Germain/FRA), Pepe (Porto), Ruben Dias (Manchester City/ENG), Antonio Silva (Benfica) ၊ Nuno Mendes (Paris Saint-Germain/FRA), Raphael Guerreiro (Borussia Dortmund/GER)

ကွင်းလယ်ကစားသမားများ- Ruben Neves (Wolverhampton/ENG), Joao Palhinha (Fulham/ENG), William Carvalho (Real Betis/ESP), Bruno Fernandes (Manchester United/ENG), Vitinha (Paris Saint-Germain/FRA), Otavio (Porto) ၊ Joao Mario (Benfica), Matheus Nunes (Wolverhampton/ENG), Bernardo Silva (Manchester City/ENG)

ရှေ့တန်း- Rafael Leao (AC Milan/ITA), Joao Felix (Atletico Madrid/ESP), Ricardo Horta (Braga), Goncalo Ramos (Benfica), Cristiano Ronaldo (Manchester United/ENG), Andre Silva (RB Leipzig/GER)

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly