စီရော်နယ်ဒိုနှင့် ၎င်း၏ကြားတွင် လေးစားမှုထက်ပိုသည့် ဆက်ဆံရေး မရှိဟု မက်ဆီ ဆို

စီရော်နယ်ဒိုနှင့် ၎င်း၏ကြားတွင် လေးစားမှုထက်ပိုသည့် ဆက်ဆံရေး မရှိဟု မက်ဆီ ဆို

စပိန်၊ မတ် ၂ ။            ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက စီရော်နယ်ဒိုအား လေးစားသော်လည်း ၎င်းတို့၏ကြားတွင် ထိုထက်ပိုသည့် ဆက်ဆံရေး မရှိကြောင်း ပြောဆိုလိုက်သည်။

မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် မော်ဒန်ဘောလုံးလောကတွင် အကောင်ဆုံးကစားသမားများအဖြစ် သတ်မှတ်ခံထားရပြီး ၎င်းတို့နှစ်ဦးတွင် မည်သူက ပိုကောင်းသည်ဆိုသည်ကို မီဒီယာများနှင့် ပရိသတ်များကြားတွင် အမြဲဝေဖန်ငြင်းခုန်မှုများ ရှိခဲ့သည်။

မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် စပိန်၏ ထိပ်သီးအသင်းကြီး နှစ်သင်းတွင် ခြေစွမ်းပြကစားနေကြပြီး ၂၀၀၇ ခုနှစ်ကတည်းက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို တစ်လှည့်စီရယူခဲ့ကြသည်။

'ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေပါ။ ကစားပွဲထဲမှာ ကစားပြီး ကျွန်တော်တို့ရဲ့ အသင်းတွေကို ကာကွယ်ကြရပါမယ်။ ဒီထက်မပိုပါဘူး။

တစ်ခါတစ်ရံမှာ နိုင်ချင်နိုင်မယ်၊ ရှုံးချင်ရှုံးပါမယ်။ အမြဲတမ်းလေးစားမှု ရှိပြီးသားပါ။ ဒီထက်မပိုပါဘူး' ဟု မက်ဆီက ဆိုသည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလား ၇ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိထားသော်လည်း အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးနှင့်အတူ ကြီးမားသည့်အောင်မြင်မှု ရရှိရန် ဝေးကွာနေဆဲဖြစ်သည်။

အသက် ၂၈ နှစ်အရွယ်ရှိမက်ဆီသည် နိုင်ငံလက်ရွေးစင်သွင်းဂိုး ၄၉ ဂိုးသွင်းယူထားပြီး ဘာတစ္စတူတာ၏ ၅၇ ဂိုးစံချိန်ကို လိုက်မီရန် နီးစပ်နေပြီဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required