အနုပညာအပေါ် ချစ်မြတ်နိုးမှုနှင့် အလှူအတန်းပြုရခြင်း အကြောင်းအရင်းကို ပြောကြား လာတဲ့ မွန်ဂိုယောင်း

အနုပညာအပေါ် ချစ်မြတ်နိုးမှုနှင့် အလှူအတန်းပြုရခြင်း အကြောင်းအရင်းကို ပြောကြား လာတဲ့ မွန်ဂိုယောင်း

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၆ ။            ။ တောင်ကိုရီးယားမင်းသမီး မွန်ဂိုယောင်းသည် Cosmoplitan မဂ္ဂဇင်းအတွက်  ဘာလီကမ်းခြေ တွင် ဓာတ်ပုံရိုက်ခဲ့ပြီး ၎င်း၏ စွဲမက်ဖွယ်ကောင်းသော အလှကို ပြသခဲ့သည်။

မွန်ဂိုယောင်းသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ၎င်း၏ သွယ်လျလှပသော ခန္ဓာ ကိုယ်အလှနှင့် အပြစ်ကင်းသော အလှတို့ကို ပိုမိုပေါ်လွင်နေသည်။ တွေ့ဆုံမေးမြန်းမှုတွင် မွန်ဂို ယောင်းက သရုပ်ဆောင်မင်းသမီးအဖြစ် ၎င်း၏ ရည်မှန်းချက်နှင့် ပတ်သက်၍လည်း ပြောကြားခဲ့ သည်။

"ကျွန်မ ရင့်ကျက်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ချင်တယ်။ ကျွန်မအရင်က သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်နဲ့ မတူတဲ့ ဇာတ်ကောင်စရိုက်ကို စဉ်းစားပြီး ရွေးချယ်တယ်။ ကျွန်မအရမ်းကို အလုပ်ကြိုးစားတဲ့ ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်ချင်တယ်။ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားချင်တယ်" ဟု မွန်ဂိုယောင်းက ပြောကြားခဲ့သည်။

မွန်ဂိုယောင်းက မကြာသေးမီက လှူဒါန်းခဲ့သော သတင်းများကို ရည်ရွယ်၍လည်း ပြောကြား ခဲ့သည်။ "ကျွန်မက ရရှိတဲ့ငွေတွေကို လှူဒါန်းမယ်လို့ ကတိပြုထားတယ်။ ကျွန်မရတဲ့ငွေတွေနဲ့ အခြားသူတွေကို အကူညီပေးတာပါ" ဟု မွန်ဂိုယောင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required