အများက ထင်ကြေးပေးထားသလို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရေးရှိသူ ရဲချုပ်ဟောင်း ဦးခင်ရီဟာ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
အောက်တိုဘာလ ၄ ရက်ကနေ ၆ ရက်နေ့အထိ နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီ ညီလာခံ ကျင်းပနေစဉ်မှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ဘက် အရပ်ဘက်တွေကို အပြောင်းအလဲလုပ်ပြီး ကြံခိုင်ရေးပါတီဘက်မှာ ထိပ်သီးအဆင့် နေရာပေးမှုတွေလည်း လုပ်ခဲ့ပါတယ်။
ဒါဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူစိတ်ကြိုက် လုပ်ပိုင်ခွင့်ရဖို့ ဩဇာခံတွေကို နေရာပေးပြီး ကြံ့ခိုင်ရေးပါတီကို နိုင်ငံရေးအရ လုံးလုံး ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
သမ္မတဖြစ်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြံ့ခိုင်ရေး ပါတီကို အခုလို ထိန်းချုပ်လိုက်တာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။
စစ်ဘက်ဆိုင်ရာ အပြောင်းအလဲကြောင့် ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်ပါသလား
စတာတွေကို အခုတစ်ပတ် Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးတင်ဆက်ထားပါတယ်။