ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ။ ။ ၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ရွှေကြို (ဗန်းကိုင်)လျှောက်ထား လိုသူ များသည် ဖေဖော်ဝါရီ ၂၆ရက်မှ စတင်ပြီး ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လျှောက်ထား နိုင်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးစီးကျင်းပမည့် ၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ဆုဗန်းကိုင် ရွေးချယ်ရေး ကော်မတီကို ဖေဖော်ဝါရီ ၉ရက်တွင် အစည်းအဝေးပြုလုပ်ကာ ရွေးချယ်ခဲ့ပြီးဖြစ်သည်။
ဆုဗန်းကိုင် ရွေးချယ်ရေး ကေ်ာမတီတွင် ဥက္ကဌအဖြစ် ရုပ်ရှင်နှင့် သရုပ်ဆောင် အကယ်ဒမီ ရန်အောင် မှ ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် မို့မို့မြင့်အောင် ၊ ရဲအောင် ၊ မေသန်းနု ၊ ခင်သန်းနွယ် ၊ ဒါရိုက်တာ အိအိခိုင် ၊ တက္ကသိုလ် ယဉ်ယဉ်လဲ့ နှင့် စာနယ်ဇင်းမှ ဦးဝင်းငြိမ်း ၊ ဦးမြတ်ခိုင် ၊ ကိုမျိုး(မြန်မာစာ) ၊ ဓာတ်ပုံ မိုးမင်း (Ray) တို့မှ ဆောင်ရွက် ကြမည် ဖြစ်သည်။
၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ တွင် အကယ်ဒမီရွှေကြို (အကယ်ဒမီဗန်းကိုင်) များအား အဝတ်အစား ၊ မိတ်ကပ် ၊ လက်ဝတ်ရတနာ ၊ ဖိနပ်တို့ ပံ့ပိုးကူညီလိုသူများလည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ပုံစံတောင်းယူ၍ မတ် ၁၁ရက် နောက်ဆုံးထား အိတ်ပိတ်၍ လျှောက်ထားရမည် ဖြစ်သည်။