ဆောင်းဟေဂျိုနှင့် ဆောင်ဂျောင်ကီတို့ ၎င်းတို့ရဲ့အသားရေ ထိန်းသိမ်းမှု လျို့ဝှက်ချက်ကို ပြောကြား

ဆောင်းဟေဂျိုနှင့် ဆောင်ဂျောင်ကီတို့ ၎င်းတို့ရဲ့အသားရေ ထိန်းသိမ်းမှု လျို့ဝှက်ချက်ကို ပြောကြား

တောင်ကိုရီးယား မင်းသမီ ဆောင်းဟေဂျို (အွန်စော)နှင့် မင်းသား ဆောင်ဂျောင်ကီတို့သည် ၎င်းတို့ရဲ့ အသားရေ ထိန်းသိမ်းမှု လျို့ဝှက်ချက်ကို ပြောကြားခဲ့သည်။

မကြာမီ ထုတ်လွှင့်ပြသမည့် KBS ရုပ်သံ၏ ဒရမ်မာဇာတ်ကား “Descendants of the Sun” သတင်းစာ ရှင်းလင်းပွဲတွင် ဆောင်းဟေဂျိုနှင့် ဆောင်ဂျောင်ကီတို့က ကောင်းမွန်သော အသားရေကို ရရှိရန် မည်ကဲ့သို့ လုပ်ဆောင်ရမည့် အကြောင်းများကို မျှဝေပေးခဲ့သည်။

“ကျွန်တော်တို့ စစ်တပ်ထဲ ဝင်ခဲ့ရင်တောင်မှ ကောင်းမွန်တဲ့ အသားရေ ရှိရမယ်။ ကောင်းမွန်တဲ့ အသားအရေရရှိဖို့ ခက်ခဲတဲ့ သူတွေကတော့ စစ်သားတွေပဲ ဖြစ်ပါတယ်။ စစ်သားတွေဟာလည်း အသားရေနဲ့ ပတ်သက်လို့ ထုတ်ကုန် သုံးလေးမျိုးလောက်ကို သုံးရပါတယ်” ဟု ဆောင်ဂျောင်ကီက ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ အသားရေ ထိန်းသိမ်းမှု ကုမ္ပဏီအတွက် မော်ဒယ်လုပ်ပေးဖို့ စာချုပ်ချုပ်တယ် ဆိုရင် သူတို့ရဲ့ထုတ်ကုန်တွေကို အမြဲတစေ သုံးပေးရတယ်။ ကျွန်တော်က နေကာမျက်မှန်ကို အမြဲလိုလို တပ်ဖြစ်တယ်။ နေ့တိုင်း ကျွန်တော် မျက်နှာဖုံးသုံးတယ်” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

“ရိုက်ကူးရေး မရှိတဲ့အခါဆိုရင် ကျွန်မ အရေးပြားဆရာဝန်ဆီသွားပြီး ကုသမှုခံယူတယ်။ကျွန်မ ရိုက်ကူးရေးရှိတဲ့အခါ အရေးပြားဆရာဝန်ဆီ မသွားဖြစ်တဲ့ အခါမျိုးဆိုရင် မျက်နှာဖုံးကို အမြဲလိုလို တပ်ဖြစ်ပါတယ်” ဟု ဆောင်ဟေဂျိုက ပြောကြားခဲ့သည်။

“Descendants of the Sun” ဇာတ်ကားကို ကိုရီးယားစံတော်ချိန် ည ၁၀ နာရီအချိန် ဖေဖော် ဝါရီ ၂၄ ရက်တွင် ပွဲဦးထွက် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required