“နွားများကို ဥတု ဘယ်နှစ်ပါး ရှိသနည်း” ဟု မေး မည်သည့်အတွက် “မွေးဖြူး” သနည်း မှားယွင်းပြန်

“နွားများကို ဥတု ဘယ်နှစ်ပါး ရှိသနည်း” ဟု မေး မည်သည့်အတွက် “မွေးဖြူး” သနည်း မှားယွင်းပြန်

စာမေးပွဲ မေးခွန်းများ ပေါက်ကြားမှု၊ မေးခွန်းများ မှားယွင်းမှုများအတွက် ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဖေဖေါ်ဝါရီလ ၂၂ ရက် ဒုတိယတန်း မြန်မာစာမေးခွန်းတွင် “နွားများကို ဥတု ဘယ်နှစ်ပါး ရှိသနည်း” ဟု မှားယွင်း မေးခွန်းထုတ်ထားသည်ကို တွေ့ရှိရသည်။

မဇ္ဈိမက ရရှိထားသည့် ပုဇွန်တောင်မြို့နယ် အခြေခံပညာ မူလတန်းကျောင်းတစ်ကျောင်း အမှတ် (၇) ၏ အခန်းဆုံး စာမေးပွဲ စစ်ဆေးမှု မေးခွန်းငါးခုပါ တစ်မှတ်တန် မေးခွန်း ငါးခုတွင် “နွားများကို ဥတု ဘယ်နှပါးရှိသနည်း” ဟု မေးခွန်းထုတ်ထားခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းကို မေးခွန်း အမှတ်စဉ် ၄(က) တွင် မေးမြန်းထားခြင်းဖြစ်ပြီး အမှတ်စဉ် (ခ) တွင် နွားများကို မည်သို့ အသုံးပြုကြသနည်းဟု မေးမြန်းထားသည်ကို တွေ့ရသည်။

အလားတူ မေးခွန်းအမှတ်စဉ် (ဂ) တွင် နွားမများကို မည်သည့်အတွက် မွေးမြူသနည်း ဟု မေးမြန်းရမည့်အစား “နွားမများကို မည်သည့်အတွက် မွေးဖြူးသနည်း” ဟု မှားယွင်း မေးခွန်းထုတ်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက ကျင်းပခဲ့သည့် ပဲခူးတိုင်း ရှစ်တန်းစာမေးပွဲတွင်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟု သုံးနှုန်း မေးမြန်းရမည့်အစား “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ” ဟု သုံးနှုန်းမေးမြန်းခဲ့သည်ကို တွေ့ရသည်။

အလားတူ မကွေးတိုင်းတွင် စစ်ဆေးသည့် ရှစ်တန်းစာမေးပွဲတွင်လည်း မေးခွန်းလွှာများ ဆက်တိုက်ပေါက်ကြားခဲ့သည်။ နောက်ဆုံးရရှိသည့် သတင်းအရ ကျောင်းအုပ် လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် စစ်ဆေးလျက်ရှိသည်။

မကွေးတိုင်း ချောက်မြို့နယ်မှ ကျောင်းအုပ် လေးဦးအား ချောက်မြို့နယ်ပညာရေးမှူးက ဖေဖော်ဝါရီ ၂၀ရက်က တရားလိုပြု တိုင်ကြားထားပြီး ချောက်မြို့နယ်၊ မြို့မရဲစခန်းက စစ်ဆေးနေခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း - သစ်တောထိန်းဖို့ “ဆောက်ပုဒ်”နှင့်တကွ ဖြေပါလို့ ဆိုပြန် - See more at: http://mizzimaburmese.com/article/11509#sthash.fSIzI8Jc.dpuf

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required